(Zawgyi)
ရောင်နီပျိုး၍ နံနက်အလင်းက လေသာမှန်ပြတင်းမှ တိုးဝင်လာလေသည့်တိုင် ဥဂ္ဂါမှာ နိုးတစ်ဝက် အိပ်တစ်ဝက်ဖြစ်နေဆဲ။
မျက်ဝန်းတို့အားပိတ်မိသည်နှင့် သွေးသံရဲရဲမျက်နှာတို့က အမြင်အာရုံထဲ ပေါ်လာကာ ဥဂ္ဂါအား နှိပ်စက်နေသည့်နှယ်ပင်။ခပ်ကြမ်းကြမ်းဆံစတို့အားထိုးဖွရင်း ဥဂ္ဂါ
ခေါင်းအား ငိုက်စိုက်ချထားမိသည်။
အိပ်မက်ဆိုးတစ်ခုဖြစ်စေကာမူ ဥဂ္ဂါအားဆောက်တည်ရာ မရဖြစ်စေခြင်းအား မခံမရပ်နိုင်အောင်စိတ်ပျက်မိသည်။မဆီမဆိုင် ငယ်စဉ်က အိမ်မက်ဆိုးမက်၍ ရှိုက်ငိုမိချိန်တိုင်း အကိုကြီးတစ်ဦးသဖွယ်ချော့မြူတတ်သူအား ဥဂ္ဂါရုတ်တရက် သတိရလိုက်မိသည်။ သို့သော်လည်း
ကြာကြာ မတွေးဖြစ်လိုက်....."ဒေါက်...ဒေါက်''
တံခါးခေါက်သံနှင့်အတူ အခန်းတွင်းသို့
ခွန်ဆိုင်းတစ်ယောက်ဝင်ရောက်လာတော့သည်။
"Breakfastလာပို့တာပါ အကို''ဝသုန်ခရီးသွားနေသည်မို့ မနက်စာကို
ဥဂ္ဂါအတွက် ခွန်ဆိုင်းက ပြင်ဆင်ပေးခြင်းပင်။ မဟုတ်လျှင်တော့ မနက်တိုင်း နေခြည်နုနုအောက်တွင် ဝသုန်နှင့် ဥဂ္ဂါ breakfastအတူ စားနေကြဖြစ်သည်။ခွန်ဆိုင်းပြင်ဆင်လာပေးသော
ကြွတ်ရွသည့်ပေါင်မုန့်ကြက်ဥကြော်မွှေးမွှေးနှင့် မလိုင်ပြည့်နေသောခပ်နွေးနွေးနွားနို့တစ်ခွက်က ပြီးပြည့်စုံသော
မနက်စာပင်။ သို့သော် ဥဂ္ဂါလက်ဖျားနှင့်ပင် မတို့ဘဲ ကုတင်ပေါ်မှ ထထိုင်လိုက်သည်။ထို့နောက် ခွန်ဆိုင်အား ဥဂ္ဂါသင်္ကာမကင်း
ဖြစ်မိသည်မို့"မင်းအကြံက ဘာလဲ?
မနက်၃နာရီအထိ အိပ်မပျော်ဘူးဆိုတဲ့ မင်းရဲ့ဆင်ခြေကို ငါဘယ်လိုယုံရမှာလဲ
ခွန်ဆိုင်း?''"ဗျာ!''
ပကတိဖြူ စင်သော မျက်နှာနှင့် တအံတသြရေရွတ်လိုက်ပုံကြောင့် ဥဂ္ဂါပင် ကြောင်အသွားရတော့သည်။ ဥဂ္ဂါဆက်မပြောမီမှာပင် ခွန်ဆိုင်းက သူ့စကားအားဆက်လာသည်။
YOU ARE READING
Complicated
RomanceWe could love... Yet we couldn't give our hearts to the right person. It's my very first creation. Both zawgyi font & unicode versions are included (>‿♥)