Episode-19

3.2K 244 36
                                    

(Zawgyi)

ကမ္ဘာ​အေးဘုရားမှာ ဘုရားဖူးရင်း
ဆု​တွေတသီကြီး​တောင်းပြီး​နောက်
ဝသုန်​ ဥဂ္ဂါ ကို တစ်​ခုခု လိုက်​​ကျွေးပါရ
စေဟု အတင်း​ခေါ်ကာ စား​သောက်​ဆိုင်​တစ်​ခုသို့​ရောက်​လာခဲ့သည်​။

ဒီလိုကျ​တော့ ဝသုန်​ ၁၀တန်းစာ​မေးပွဲ
ပြီးခါစ အချိန်​ကိုပင်​ ပြန်​​ပြောင်းသတိရသွားရသည်​။ ထို​နေ့ကလဲ ဥဂ္ဂါနှင့်​ အတူတူ restaurant တစ်​ခုမှာ အတူတူ ရယ်​ရယ်​​မော​​မော ထမင်းလက်​ဆုံ
စားခဲ့ကြသည်​​လေ။

"က​လေးဆီက မုန့်​ကပ်​စားသလိုဖြစ်​​နေ
ပြီ ဟဟ''

"​မွေး​နေ့မို့လို့ပါ​နော်
ဒါနဲ့ ကျွန်​​တော်​အခုဆို ၁၇နှစ်​ဖြစ်​​နေပါပြီ​နော်​ ​နောက်​နှစ်​ဆို ၁၈ပြည့်​ပြီးလူကြီးဖြစ်​​တော့မှာ က​လေးမဟုတ်​​တော့ဘူး''

"ဟာ က​လေး​လို့​ပြောလိုက်​တာနဲ့ စွာ​တေးလန်​​တော့တာပဲ ညီရာ''
ရယ်​​မောရင်း​ပြော​နေ​သော ဥဂ္ဂါကို ဝသုန်​​ငေးကြည့်​မိပြန်​သည်​။
ဒီအရယ်​အပြုံး​တွေကို အမြဲမြင်​ခွင့်​ရဖို့လဲ အ​သေအချာကို ဘုရားမှာ ဆု​တောင်းခဲ့ရသည်​​လေ။

"ဒါနဲ့ ညီနဲ့ယမုံ့အတွက်​​မွေး​နေ့လက်​​ဆောင်​ ကိုယ်​ယူလာတယ်​''

ကျွန်​​တော့အတွက်​ဥဂ္ဂါ ​ပေး​သော 
ကြေးနီ​ရောင်​​ဘူး​လေးကို ဖွင့်​ကြည့်​မိ​တော့ ​ပြောင်​လက်​​နေ​သောခါးပတ်​ အနက်​​လေးကို​တွေ့ရသည်​။
ယမုံ့အတွက်​က​တော့ ​ငွေမှင်​​ရောင်​ hand chain ​​လေးတစ်​ခု။

"ခါးပတ်​​လေးကအရမ်းမိုက်​တယ်​ ဥဂ္ဂါ
သ​ဘောကျသွားပြီ
ယမုံ့လက်​ပတ်​​လေးလဲလှတယ်
သူကြိုက်​မှာပါ''

"သ​ဘောကျလို့​တော်​​သေးတာ​ပေါ့''

"ဟုတ်​''
ဥဂ္ဂါ လက်​​ဆောင်​​ပေး​တော့မှ ဝသုန်​သတိရသည်​။ ဒီ​နေ့ကယမုံ​မွေး​နေ့လဲ ဖြစ်​သည်​​လေ။သို့​သော်​ ယမုံက သူ့ကိုသာဦးစား​ပေးပြီး အစစအရာရာပြင်​ဆင်​​ပေးခဲ့သည်​။ ခုလိုဥဂ္ဂါနှင့်​​တွေ့ဖို့လဲ သူမပြဲပင်​ဆင်​​ပေးတာဖြစ်​ရမည်​။
"ဒီလိုကျ ငါ့အမက ချစ်​စရာ​လေးXD''

ComplicatedWhere stories live. Discover now