Episode-41

1.8K 152 14
                                    

(Zawgyi)

မကြမ်းမ​ချော စာရွက်​ဝါဝါ​လေးများထက်​မှ သိပ်​လှသည်​ဟု မဆိုနိုင်​​သော်​လည်း ရှင်းလင်း​သေသပ်​စွာ​ရေးသားထား​သော လက်​​ရေးငယ်​အား ယမုံ ခပ်​ဖွဖွ ထိရင်း ဖတ်​ရှု​နေမိသည်​။

အသုံးပြုခဲ့သည့်​ နှစ်​ကာလမှာ အ​တော်
ကြာပြီမို့ Diaryစာအုပ်​​လေးမှာ အနည်း
ငယ်​ပင်​ နွမ်း​ဖျော့​နေပြီ ဖြစ်​သည်​။

စာအုပ်​ထဲရှိအ​ကြောင်းအရာများမှာ
ယမုံနှင့်​ စိုးစဉ်းမျှသက်​ဆိုင်​မှုမရှိ​သော်
ငြား....

ယမုံ့နှလုံးသားအား ထက်​ရှစွာ ခွဲနိုင်​​သော စကားလုံးတို့ဖြင့်​ ဖွဲ့တည်​ထား​သော်​ငြား...

မယုံကြည်​နိုင်​မှု၊ ဝမ်းနည်းသိမ်​ငယ်​မှု စ​သောခံစားချက်​များကို​သာပေးစွမ်းနိုင်​​သော်
ငြား....

ရုပ်​ရှင်​စကားနှင့်​​ပြောရလျှင်​ ဇာတ်​ပို့တစ်​ဦး​လောက်​ပင်​ သူ့ဘဝဇာတ်​လမ်းထဲတွင်​ ကိုယ့်​ဖြစ်​တည်​မှုမှာ အ​ရေးမပါ အရာမ​ရောက်​​ခဲ့သော အဖြစ်​အား မီး​မောင်းထိုးပြ
နေသကဲ့သို့ ဖြစ်​​နေ​စေ​သော်​ငြား.....

နောင်​မြင်​ရ မမြင်​ရ မ​သေချာ​သော
ချစ်​ရသူ၏ လက်​​ရေးတို့ ရှိ​နေ​လေသည်​ဟူ​သော အ​ကြောင်းပြချက်​တစ်​ခုနှင့်​ပင်​ ယမုံ ဤdiary​လေးအား တယုတယသိမ်းထားမိခဲ့ခြင်းပင်​။

ဤစာအုပ်​ငယ်​အား အကြိမ်​ကြိမ်​အဖန်​ဖန်​ ယမုံဖတ်​ခဲ့ဖူးပြီဖြစ်​သည်​။

သို့​သော်​လည်း ဘယ်​အချိန်​ပြန်​ဖတ်​ဖတ်​ ယမုံ့နှလုံးသားအား အပိုင်းပိုင်း​ကြွေပျက်​​စေ​သော ခံစားချက်​မျိုးအား ​ပေးနိုင်​ဆဲပင်​။

ယမုံကိုယ်​တိုင်​ကလည်း အမှတ်​သည်း​ခြေမရှိစွာ အကြိမ်​ကြိမ်​ဖတ်​မိဆဲပင်​....။

ပထမဦးဆုံးစာမျက်​နှာ၌ ​ရေးသားထားသည်​က ရိုးရှင်းလှ​သော ဂဏန်းအစု​လေး
တစ်​ခုသာ။

"8.9.2010''

နောက်​တစ်​မျက်​နှာတွင်​​တော့ ခပ်​​သော့​သော့​ရေးထား​သော သင်္ခ၏လက်​​ရေးများကို ယမုံ​တွေ့လိုက်​ရသည်​။

ComplicatedWhere stories live. Discover now