Episode-48

2K 153 22
                                    

(Zawgyi)

<<<လွန်​ခဲ့​သော တစ်​ပတ်​ခန့်​က

ဆေးရုံအနံအသက်​တို့ ဖြတ်​​ပြေး​နေသည့်​ corridorတစ်​​လျှောက်​ အတူယှဉ်​​လျှောက်​လာသည့်​ ယမုံနှင့်​ ဝသုန့်​အား nurseအချို့က လာ​ရောက်​နှုတ်​ဆက်​ကြသည်​။

အပြုံးမမည်​​သော ခပ်​ပါးပါးအပြုံးကိုသာ ဆင်​မြန်းထား​သော်​လည်း ယမုံ့မျက်​နှာမှာ ​အေးချမ်းကြည်​လင်​​နေတတ်​​သော​ကြောင့်​ nurse​လေးများက ယမုံ့အား နှစ်​လိုကြသည်​မှာ မဆန်း​ပေ။

"အစ်​မ ​မောင်​​လေးလား?''ဟူ​သော အ
မေးနှင့်​အတူ  ​ရောက်​လာ​သော nurse​လေးအား ​ခေါင်းငြိမ့်​ပြုံးပြရင်းသာ ယမုံ
တုံ့ပြန်​လိုက်​​သည်​။

ဝသုန့်​အား ရွှန်းရွှန်းစားစားကြည့်​​နေ​သော သူနာပြု​လေးအား ''မိုးဝသုန်​ပါ''ဟု ဝသုန်​ နှုတ်​ဆက်​လိုက်​ချိန်​တွင်​​တော့ ထို မိန်းက​လေး၏ မျက်​နှာမှာ ရုတ်​တရက်​အံသြသွားဟန်​က ထင်​ဟပ်​လာ​လေသည်​။

Corridorအတိုင်း ဆက်​​လျှောက်​သွား​သော ဝသုန်​နှင့်​ယမုံအား သူမက လည်​ပြန်​ကြည့်​ရင်း ​စိတ်​ထဲခု​နေ​သောအရာတစ်​ခုအား တွေး​နေမိ​တော့သည်​။
"ဝသုန်​ဆိုတာ မိန်းက​လေးနာမည်​ဖြစ်​မယ်​ထင်​တာ
လူနာ အကိုအမြဲ ​ယောင်​ပြီး ​ခေါ်​နေကြဆို​တော့''
အ​တွေးတစ်​စနှင့်​အတူ ​ခေါင်းအားခပ်​ဖွဖွကုတ်​မိရင်း duty​ကျသည့်​ wardသို့ သူမအ​ပြေးသွားလိုက်​မိ​တော့သည်​။

Slide doorအား ခပ်​​ဖြေး​ဖြေးဖွင့်​လိုက်​ချိန်​တွင်​​တော့ အဖြူ​ရောင်​တို့ ပြည့်​လွှမ်း​နေသည့်​ အခန်းငယ်​က ဝသုန့်​အားဆီးကြို​နေသ​ယောင်​။ ဝင်​​ရောက်​လိုက်​သည်​နှင့်​ ဝသုန့်​အကြည့်​တို့က ခုတင်​ထက်​၌ ဝသုန်​ရှိသည့်​အရပ်​အား မျက်​နှာလွှဲကာ ပြတင်း​ပေါက်​မှ တစ်​ဆင့်​ ပြင်​ပပတ်​ဝန်းကျင်​အား ​ငေး​မော​နေသူအား ​တွေ့လိုက်​ရသည်​။

ပြန်​​တွေ့ရ​တော့မည်​မဟုတ်​ဟု မှတ်​ယူမိခဲ့သူအား ယခုလိုပြန်​​တွေ့လိုက်​ရချိန်​၌ အတိုင်းမသိဝမ်းသာမိစိတ်​က ဝသုန့်​ရင်​၌
ဖြတ်​​ပြေးသွား​တော့သည်​။

ComplicatedWhere stories live. Discover now