Episode-5

4.4K 323 8
                                    

(Zawgyi)

ကျွန်​​တော်​ စိတ်​ထဲသိပ်​​ကိုကျေနပ်​​နေမိသည်​။ ဥဂ္ဂါ သိသည်​ဖြစ်​​စေ မသိသည်​ဖြစ်​​စေ ကျွန်​​တော်​ သူ အန္တရာယ်​မဖြစ်​​အောင်​ကူညီ​ပေးလိုက်​နိုင်​သည်​ဟု ​တွေးမိခြင်း​ကြောင့်​ ဖြစ်​သည်​။

သို့​သော်​ထို အန္တရာယ်​မြားဦးက
ကျွန်​​တော့်​ဘက်​လှည့်​လာ​လောက်​သည်​ကိုတော့နဲနဲ​လေးမှသတိမထားမိခဲ့...

February-12

၈တန်းFinalစာ​မေးပွဲက အစိုးရစစ်​ဖြစ်​​သော​ကြောင့်​ကျွန်​​တော်​တို့မြို့နယ်​တွင်းရှိ အခြား​ကျောင်းများသို့ ​ပြောင်း၍​ဖြေဆိုရသည်​။ ယမုံက​တော့ သူ့သူငယ်​ချင်း
"​မေစန္ဒီ''နှင့်​ ​ဖြေရမည့်​​ကျောင်းတူ​သော​ကြောင့်​အတူသွားကြသည်​။

ကျွန်​​တော်​က​တော့ ယမုံနှင့်​​ကျောင်းမတူ။ ကျွန်​​တော်​တစ်​​ယောက်​ထဲဖြစ်​​နေ၍ Daddyက လိုက်​ပို့​ပေးမည်​ ​ပြော​သော်​လဲ ကျွန်​​တော့်​​ကြောင့်​အလုပ်​ပျက်​မည်​စိုး​သော​ကြောင့်​ တစ်​​ယောက်​ထဲသွားမည်​ဟုသာ​ပြောလိုက်​သည်​။

ကျွန်​​တော်​​ဖြေရမည့်​​ကျောင်းက အနဲငယ်​​ဝေးသည်​။ 9နာရီတွင်​စ​ဖြေရမည်​မို့ ၈နာရီ​ကျော်​​ကျော်​ထဲက ယမုံ​ရော ကျွန်​​တော်​ပါ အိမ်​ကထွက်​ကြသည်​။

ကျွန်​​တော်​​ကျောင်းသို့သွားရာလမ်း
တစ်​​လျှောက်​တွင်​ စာ​မေးပွဲ​ဖြေရန်​လာ
ကြ​သော​ကျောင်းသားများနှင့်​စည်​ကား​နေသည်​။

ညက သိပ်​မရ​သေးသည်
''မ​ဟော်​သဓာ'' အကျဉ်းချုပ်​များကိုထိုင်​ကျက်​ရင်း အိပ်​ရာဝင်​​နောက်​ကျ​သော​ကြောင့်​​ခေါင်းထဲတွင်​ မကြည်​မလင်​ဖြစ်​​နေသည်​။ဖြေရမည့်​​ကျောင်း​ရှေ့​ရောက်ခါနီး​တော့ ၈:၃၀ သာရှိ​သေးသည်​။
''အင်း ​စောပါ​သေးတယ်​ အ​အေးတစ်​ခုခုဝယ်​​သောက်​ဦးမှ''ဟု​တွေးရင်း ​ကျောင်းအနီး လမ်းကြားထဲမှ ကုန်​စုံဆိုင်​​လေးဆီ လှမ်းလာခဲ့သည်​။

ထိုစဉ်​လမ်းကြားထဲမှ ထွက်​လာ​သော
ဆိုင်​ကယ်​၃စီးက ကျွန်​​တော့်​ကို ဝင်​တိုက်​မိမလိုဖြစ်​သွားသည်​။ ​စိတ်​တိုတိုနှင့်​''လမ်းကို​သေချာကြည့်​​မောင်း​လေ''ဟု
အော်​​ပြောပစ်​လိုက်​သည်​။

ComplicatedWhere stories live. Discover now