Episode-14

3.5K 268 22
                                    

(Zawgyi)

အတူ​လေ့ကျင့်​ခန်းလုပ်​ရန်​​ခေါ်​သော
ဥဂ္ဂါ၏အ​မေးကို သ​ဘောတကျရှိလွန်းစွာနှင့်​ ဘယ်​နှကြိမ်​မှန်းမသိ ​ခေါင်းကိုအ
ကြိမ်​ကြိမ်​ငြိမ့်​ရင်း ဝသုန်​အ​ဖြေ​ပေးမိ
သည်​။

သို့နှင့်​​နောက်​ရက်​မှစ၍ ဝသုန့်​တစ်​​နေ့တာ routine များထဲတွင်​ မနက်​ခင်း​လေ့ကျင့်​ခန်းလုပ်​ချိန်​ တစ်​ချိန်​ ပိုတိုးလာခဲ့သည်​။

☀☀☀
"ညီ မြန်​မြန်​​​ပြေး​​လေ''
အားကစားဝတ်​စုံကိုပင်​ သပ်​ရပ်​​နေ
အောင်​ဝတ်​ဆင်​ထား​သော ဥဂ္ဂါက
ဝသုန့်​ကိုလှမ်း​ပြောသည်​။

"​မောတယ်​ဗျ ......အဲ့​လောက်​အကြာကြီး မ​ပြေးဖူး ......​ ဟောဟဲ.....​ဟောဟဲ''
ဝသုန် ​စကား​တောင်​ဆုံး​အောင်​မ​ပြော
နိုင်​ဘဲ အသက်​ကိုအသည်းအသန်​ရှူ​နေရသည်​။

"ကဲဒါဆိုလဲ ဟို​ရှေ့နားမှာခဏနားမယ်​ ဟုတ်​ပြီလား
ညီက တကယ့်​ငပျင်း​လေးပဲ ပန်းခြံ​လေးတစ်​ပတ်​​ပြေးရတာကို ၃​ခေါက်​​လောက်​နားချင်​​နေ​တော့တာပဲ''

ဥဂ္ဂါ​ပြောလဲ​ပြောချင်​စရာပင်
ဝသုန်​တို့ ​လေ့ကျင့်​ခန်းစလုပ်​ထဲက
''​မောတယ် နားမယ်​''ဟူ​သောစကားကို ပါးစပ်​ကမချဘဲ ​ပြောစတမ်းဟုများမှတ်​ထားသလားမသိ ခဏခဏကို နားချင်​​နေ​တော့သည်​။

"ဒါ ပထမရက်​မို့ပါ ဗျာ
နောက်​ရက်​​တွေကြ ကြည့်​ထား
ကျွန်​​တော်​ ဥဂ္ဂါ ထက်​မြန်​​အောင်​​ပြေးပြ
မယ်​ 😒'' ​ယောက်ျားပီသစွာနှင့်​ ​မ​ကျေမနပ်​ကျုံးဝါးလိုက်​​သော ဝသုန်​စကားအဆုံးမှာ ဥဂ္ဂါ ထရယ်​​တော့သည်​။

"ဟား ဟား....ဝသုန်​ရာ ကိုယ်​ကစတာပါ
မင်းမျက်​​စောင်းကြီးထိုးပြီး မကျိန်းပါနဲ့''

"ဘယ်​မှာမျက်​​စောင်းထိုးလို့တုန်း😟😒''

"​ဟောဗျာ အခုပဲ မျက်​​စောင်းထိုးရင်း​ပြော​နေပြီး​တော့.....''

မနက်​ခင်း ပန်းခြံထဲရှိထိုင်​ခုံတွင်​ထိုင်​ရင်း နှစ်​​ယောက်​သား ငြင်းခုန်​​နေကြသည်​။
ဥဂ္ဂါက​တော့ ကျွန်​​တော့်​ကို စရတာကို အ​တော်​သ​ဘောကျ​နေပုံ....။

ComplicatedWhere stories live. Discover now