Episode-10

3.9K 297 11
                                    

(Zawgyi)

စာဖတ်​ခန်းက မှန်​လုံခန်း ဖြစ်​​သော
ကြောင့်​ ယမုံနှင့်​ သင်္ခယာတို့၂​ယောက်​လမ်း​လျှောက်​​နေသံမှအပ အခြားဘာမှမကြားရ။

ယမုံတစ်​​ယောက်​ သင်္ခယာ့ကို​ခေါ်​လာ
ရင်း စိတ်​ပူ​နေမိသည်​။ တိတ်​ဆိတ်​ခြင်းကလွှမ်းခြုံထား​သော စာဖတ်​ခန်းထဲမှာတလှပ်​လှပ်​ခုန်​​နေ​သော ယမုံ့နှလုံးခုန်​သံကို သင်္ခယာများ ကြားသွား​လေမလားဟုမဖြစ်​နိုင်​မှန်းသိ​သော်​လဲ အကြိမ်​ကြိမ်​ပူပန်​​နေမိသည်​။ထို့​ကြောင့်​ သင်္ခယာ့ကို လိုက်​ခဲ့ဟု​ပြောရင်းခပ်​သွက်​သွက်​​လျှောက်​လာခဲ့သည်​။

စုံ​ထောက်​ဝတ္ထု​တွေထား​သော စာအုပ်​စင်​​ရောက်​​တော့မှ ယမုံရပ်​လိုက်​သည်​။
ဘယ်​​လောက်​ပဲ စိတ်​လှုပ်​ရှား​နေပါ​စေ
အိ​နြေ္ဒမပျက်ဘဲ စကားစလိုက်​သည်​။

"ဒီမှာစုံ​ထောက်​စာအုပ်​​တွေအစုံရှိတယ်​ သင်္ခယာ

အ​ပေါ်တန်းက ဦးစံရှားဝတ္ထု​တွေနဲ့
ရှား​လော့ဟုန်း(မြန်​မာပြန်​)ဝတ္ထု​တွေ...

အလယ်​တန်းက ဆားပုလင်းနှင်း​မောင်​နဲ့ ဆားပုလင်းမင်း​အောင်​ဝတ္ထု​တွေရှိ
တယ်...

ကျန်​တာက​တော့ ​ရှေ့​နေမ​လေး​မေစံရှားတို့ ဂျမဒါမင်းဒင်​တို့ စ​နေ​မောင်​​မောင်​တို့ ပြီး​တော့တခြား ဖြစ်​ရပ်​မှန်​မှုခင်း​တွေ​ရော​ပေါ့
သင်္ခယာ ကြိုက်​တာ ငှါးဖတ်​လို့ရပါ
တယ်''

ပြောရင်းယမုံ​ဘေးကို လှည့်​ကြည့်​​တော့ သင်္ခယာက ​ပြောသမျှကိုနား​ထောင်​​နေပုံရသည်​။

ယမုံ့စကားဆုံးမှ သူပြန်​​ပြောသည်​။

"စာအုပ်​​တွေအများကြီးပဲ​နော်​ယမုံ
ဒါ​တောင်​ စုံ​ထောက်​ဝတ္ထု​တွေပဲရှိ​သေးတာ''

"ဟုတ်​တယ်​ ယမုံက စာဖတ်​ရတာအရမ်းဝါသနာပါ​တော့ ​စာဖတ်​ခန်း​လေးလုပ်
ပေးထားတာ တခြားစာအုပ်​​တွေလည်း
ဲကြိုက်​​ပေမဲ့ စုံ​ထောက်​ဝတ္ထု​တွေနဲ့
တော​တွေ​တောင်​​တွေထဲကစွန့်​စားခန်း​တွေပါတဲ့ ဝတ္ထု​မျိုးတွေကို​တော့ အကြိုက်​ဆုံးပဲ''

ComplicatedWhere stories live. Discover now