Episode-38

1.8K 150 18
                                    

(Zawgyi)

ကမ္ဘာတစ်​ခြမ်း အလင်းရဖို့အ​ရေး ကျန်​ကမ္ဘာခြမ်းက ​မှောင်​မိုက်​​ပေးရသည်​တဲ့။

ထို့အတူ တစ်​စုံတစ်​ဦးမှာ​တော့ ချစ်​ရ​သော မြတ်​နိုးရ​သော သူနှင့်​အတူ ​​နွေး​ထွေး​သော ကမ္ဘာငယ်​​လေးအား အတူ တစ်​ကွ တည်​​ဆောက်​ရန်​ အုတ်​မြစ်​ချ​နေချိန်​တွင်​ ကျန်​တစ်​ဦးမှာ​တော့ ​အေးစက်​​မှောင်​မိုက်​​သော ကမ္ဘာငယ်​ဟု တင်​စားရမည့်​ အ​မှောင်​ခန်းထဲတွင်​ အထီးကျန်​မှုကိုသာ အ​ဖော်​ပြုရင်း ကျန်​ရစ်​ခဲ့ရသည်​။

Cigeratte​ငွေ့တို့ ပြည့်​လွှမ်း​နေ​သော အခန်းငယ်​ထဲတွင်​ ဘယ်​နှလိပ်​​မြောက်​မှန်းမသိ​သော Cigeratteကို ထပ်​မံမီးညှိရင်း​ဆေးလိပ်​​ငွေ့ ပြင်းပြင်းတို့အားအကြိမ်
ကြိမ်​ရှိုက်​သွင်းရင်း ​ခြောက်​ကပ်​ကပ်​ရယ်​​မော​နေသူတစ်​ဦးရှိ​နေခဲ့သည်​။

Cigeratte​ငွေ့တို့အား ရှိုက်​ထုတ်​လိုက်​ ခပ်​ဟဟရယ်​​မောလိုက်​နှင့်​ သူ့ပုံစံက အသိစိတ်​ကင်းလွတ်​​နေသည့်​ပမာ။
သို့​သော်​လည်း သူ့မျက်​ဝန်းတို့မှ တွင်​တွင်​စီးကျလာ​သော မျက်​ရည်​စငယ်​တို့ကို ကြည့်​ခြင်းဖြင့်​ သူသည်​ ခံစားချက်​နှင့်​ အသိစိတ်​ရှိ​နေ​သေး​ကြောင်း သိရနိုင်​သည်​။

"မင်း....တကယ်​ထွက်​သွားရက်​တာပဲ''

အက်​​ကြောင်းထပ်​​နေ​သော စကားအား အကြိမ်​ကြိမ်​ဆိုရင်း လင်း​နေမာန်​ဟူ​သော ထိုသူမှာ အရာအားလုံးအား စိတ်​ပျက်​​နေဟန်​ဖြင့်​ ရယ်​​မော​နေပြန်​​လေ
သည်​။

ထပ်​မတားရက်​​တော့သည်​မို့ စိတ်​ကို
လျှော့ကာ ဥဂ္ဂါအား သူသွားခွင့်​​ပေးခဲ့
သည်​။

ဥဂ္ဂါအတွက်​ လိုအပ်​​လောက်​မည့်​ အရာအားလုံးကို လို​လေ​သေးမရှိပြင်​ဆင်​​ပေးရင်း သူသွားမည့်​ လမ်းအား ​ဖြောင့်​ဖြူး
စေခဲ့သည်​။

ထွက်​သွားမည့်​သူအတွက်​ အရာအားလုံး ပြင်​ဆင်​​နေရင်းကပင်​....
"​သြော်​...သူငါ့ကိုချစ်​လို့ ဒီလိုလုပ်​​ပေး​နေတာပဲ'' ဟူ​သော အ​တွေးတစ်​စမျှ ဥဂ္ဂါ​တွေးမိရင်​​ကောင်းမှာပဲ ဟု ​နေမာန်​အကြိမ်​ကြိမ်​တိုးဖွဖွ​ရေရွတ်​​နေမိသည်​။

ComplicatedWhere stories live. Discover now