Episode-45

1.7K 137 14
                                    

(Zawgyi)

ဖြောင်း!

ပြင်းထန်​​သော အရှိန်​နှင့်​ထပ်​တူ မျက်​နှာထက်​သို့ အရှိန်​ပြင်းပြင်းကျ​ရောက်​လာ​သော လက်​ဝါးတစ်​စုံ....

နီရဲစပ်​ဖျဉ်းသွားမှုနှင့်​အတူ ခံစားလိုက်​ရသည်​က အသည်းခိုက်​​စေသည့်​နာကျင်​မှု...

ကျက်​သ​ရေရှိ​သော နဝရတ်​၉သွယ်​လက်​စွပ်​အား သွယ်​​ပျောင်း​လှပသည့်​ လက်​အစုံထက်​ဝယ်​ဆင်​ယင်​ထား​သော အမျိုးသမီး၏ မျက်​နှာမှာ ခက်​ထန်​မှု​ကြောင့်​ 
ဒေါသအရှိန်​တို့က တလှပ်​လှပ်​...။

မျက်​စိတစ်​မှိတ်​ပင်​မကြာ​သော အချိန်​မှာပင်​ ညာဘက်​ပါးပြင်​ထက်​သို့ ထပ်​မံ​ရောက်​ရှိလာ​သော သူမ၏ လက်​အစုံအား ဥဂ္ဂါ​ရှောင်​လွှဲနိုင်​ခြင်း မရှိခဲ့။

လှပ​သော ထိုနဝရတ်​လက်​စွပ်​အား လက်​အတွင်းဘက်​သို့ လှည့်​ဝတ်​ရင်း ဥဂ္ဂါ၏ ပါးပြင်​အား အရှိန်​ပြင်းပြင်းရိုက်​နှက်​​နေ​သော သူမအားကြည့်​မိသည့်​ဥဂ္ဂါမျက်​ဝန်းတို့မှာ ​တောင်းပန်​တိုလျှိုးမှုတို့ အပြည့်​ပင်​။

"ကျွန်​​တော်​တကယ်​မရည်​ရွယ်​ပါဘူး တီတီ​လေး..... သင်္ခစာဖတ်​ရင်​ ခြင်​မကိုက်​​အောင်​ ခြင်​​ဆေးထွန်း​ပေး​နေရင်းက ​မေ့
ပြီး.....''

"တိတ်​စမ်း!!''

ဆက်​​ပြောမည့်​ ဥဂ္ဂါစကားတို့ သူမ၏ အသံ​အောက်​ဝယ်​ ​ပျောက်​ရှသွားရ​တော့သည်​။
ဆင်​​ခြေ​ပေးခွင့်​ အထွန့်​တတ်​ခွင့်​ဟူသည်​ ဥဂ္ဂါနှင့်​ လုံးလုံးမသက်​ဆိုင်​​သော အရာဟူ​သော အဖြစ်​အား ​မေ့​လျှော့​နေခဲ့မိခြင်းပင်​။

"နင်​ တမင်​လုပ်​တာမှန်းငါသိတယ်​ ဥဂ္ဂါ!
ငါ့သားကို မနာလိုဖြစ်​ပြီး သူသ​ဘောကျရတဲ့စာအုပ်​​တွေကို ဖျက်​ဆီးပစ်​တာမလား
ဟုတ်​တယ်​မလား အငုံစိတ်​နဲ့
အ​ကောင်​?''

ရုပ်​ရည်​နှင့်​မလိုက်​ဖက်​စွာ ​ခက်​ခက်​ထန်​ထန်​ပြောဆိုရင်း ကြမ်းပြင်​ထက်​တွင်​ ပုဆစ်​တုပ်​ထိုင်​​နေ​သော ဥဂ္ဂါ၏ အင်္ကျီလည်​ပင်းအား တင်းကြပ်​စွာ​ဆောင့်​ဆွဲလိုက်​သည်​။

ComplicatedWhere stories live. Discover now