Episode-15

3.3K 260 10
                                    

(Zawgyi)

မှန်​တင်​ခုံမှာထိုင်​​နေရင်း ယမုံ စိတ်​ပါ
လက်​ပါအလှပြင်​​နေမိသည်​။

တော်​ရုံဆို အလှပြင်​ဖို့ဆိုတာ သိပ်​ပျင်း
သောယမုံက သူနဲ့​တွေ့ရမယ်​ဆို အမြဲ 
ကျော့ရှင်း​နေ​အောင်​ ပြင်​ဆင်​ထားတတ်​ သည်​မှာ အကျင့်​တစ်​ခုလိုပင်​ဖြစ်​​နေပြီ
ီဖြစ်​သည်​။

ဒီ​နေ့က​တော့ အခြား​နေ့​တွေထက်​ ပိုလှ​နေရမယ်​ ဟူ​သော အ​တွေးနှင့်​အတူ

ညက​သေချာ ​ပေါင်းတင်​ထား​သော
မျက်​နှာလေး​ပေါ်တွင်​ Tonerအနဲငယ်​ကို cotton padနှင့်​သုံးလိုက်​သည်​။

Essence, Sun cream, Foundation, Powderလိမ်းခြယ်​အပြီးမှာ​တော့
Eyebrow အညို​လေးကို ခပ်​တန်းတန်း​လေးဆွဲသည်​။
ပါးပြင်​ဖြူဖြူ​လေးမှာ peach color ပါးနီ​လေးက ပနံရစွာ။

ခပ်​ဝိုင်းဝိုင်း မျက်​လုံး​လေးကိုလဲ မိန်းက​လေးဆန်​​သော ပန်း​ရောင်​​လေးခြယ်​သ ကာ Linerအညို​လေး​ဆွဲပြီး
နှုတ်​ခမ်းနီ ခပ်​ရဲရဲ​လေးဆိုးလိုက်​ရင်း
အလှပြင်​ခြင်းကို အဆုံးသတ်​လိုက်​သည်​။

ဂါဝန်​ ပန်းနု​ရောင်​ခပ်​ကားကား​​လေး
ကို​ရွေးချယ်​ဝတ်​ဆင်​လိုက်​​တော့ Barbieမ​လေးလိုလိုပင်​ ချစ်​စရာ​ကောင်းလွန်း​နေသည်​။

"အင်း...ဒီ​လောက်​ဆို အဆင်​​ပြေပါပြီ''
အားလုံးပြင်​ဆင်​ပြီး​ချိန်​တွင်​ သင်္ခက phဆက်​လာသည်​။

"ယမုံ ငါလမ်းထိပ်​မှာ ​စောင့်​​နေတယ်
နော်​''

"အင်းအင်း ငါထွက်​လာပြီ''
ပြော​ပြောဆိုဆိုနှင့်​ phချလိုက်​ပြီး ယမုံစိတ်​လှုပ်​ရှားစွာနှင့်​ ထွက်​လာခဲ့သည်​။
သင်္ခ ဘာ​ပြောမှာလဲ ဆိုတာ ယမုံသိချင်​လွန်းလှပြီ​လေ။

At Innwa book cafè☕☕

ယမုံ​ရွေး​ပေး​သောစာအုပ်​များကို coffee​သောက်​ရင်း စိတ်​ပါလက်​ပါဖတ်​​နေ​သော သင်္ခက သိပ်​ကို ​ချော​မော​နေ
သည်​။

အရင်​​နေ့​တွေဆို ၂​ယောက်​သား စကားတတွတ်​တွတ်​ ​ပြောဖြစ်​ကြ​သော်​လည်း
ဒီ​နေ့​တော့ထူးထူးဆန်းဆန်း တိတ်​ဆိတ်​​နေသည်​။ သင်္ခ​ပြောလာမယ့်​ စကားကို ယမုံ​စောင့်​​နေ​သော်​လဲ သူက မ​ပြော​သေး။

ComplicatedWhere stories live. Discover now