Episode-9

3.9K 305 9
                                    

(Zawgyi)

Beep Beep .... Beep Beep ....
၇နာရီ​တွင်​ပေးထား​သော Alarm မြည်သံ​​​ကြောင့်​ အိပ်​မှုံစုံမွားဖြင့်​ ဝသုန်​​နိုးလာခဲ့သည်​။

"၇နာရီ​တောင်​ထိုးပြီပဲ ညတာကလဲတိုလိုက်​တာ​နော်​!''

အရင်​ကဆိုရင်​​တော့ weekend ဆိုလျှင်
ဝသုန်​တို့ ဘယ်​​တော့မှ ​စော​စောထ​လေ့မရှိ။ ခု​တော့ ဥဂ္ဂါ က မနက်​ ၈နာရီခွဲဆို အတိအကျ ​ရောက်​လာတတ်​​တော့ ​စော​စောစီးစီးထပြီး ပြင်​ဆင်​ထားရသည်​။ညကကျက်​ထား​သောစာ​တွေ မှတ်​မိ​အောင်​တစ်​​ခေါက်​ပြန်​ကြည့်​ရသည်​။

ဒီ​နေ့​တော့ ​သေချာပြန်​ ​လေ့လာထားရ
မည်​။ ဥဂ္ဂါ၏ညီဆိုသူပါလာ​မည်​ဖြစ်​၍ စာမရလျှင်​ ​သိက္ခာကျမှာ​တော့ စိုးရိမ်​ရသည်​​လေ။
ဒီလို​တော့ လုံးဝ အဖြစ်​မခံနိုင်​။

မျက်​နှာသစ်​ရန်​​ရေချိုးခန်းဝင်​​ရန်​ပြင်
တော့တော့ ယမုံက​ရေချိုးခန်းထဲမှထွက်​လာသည်​။
"ယမုံ နင်​​စော​စောစီးစီး နိုး​နေပါလား?
ထူးထူးဆန်းဆန်း''
ဝသုန်​အံသြ၍​မေးမိသည်​။ ဝသုန်​လိုပင်​ အအိပ်​မက်​​သော ယမုံသည်​ ပိတ်​ရက်​ဆို​စော​စောစီးစီး မထတတ်​။

"အင်း အ​စောကြီးနိုး​နေတာနဲ့ ဆက်​မအိပ်​ချင်​​တော့လို့ ''

သူမမျက်​နှာကို ဝသုန်​အမှတ်​တမဲ့ကြည့်​မိသည်​။

"နင့်​မျက်​ကွင်း​တွေညို​နေသလိုပဲ အိပ်​​ရေးမဝရင်​ ပြန်​အိပ်​​လေ''

"ဟမ်​ ဟုတ်​လား'' ​ပြော​ပြောဆိုဆိုနှင့်
ယမုံ အခန်းထဲ​ပြေးထင်​သွားသည်​။

"ဘာဖြစ်​​နေပါလိမ့်​''ဟုသာ ဝသုန်​​တွေးမိ
ပြီး ချက်​ချင်း​မေ့သွားခဲ့သည်​။
စာကျက်​ဖို့ကိုသာ အာရုံစိုက်​ထားမိ​သော​ကြောင့်​ဖြစ်​သည်​။

ထုံးစံအတိုင်း ၈နာရီခွဲတိတိတွင်​ဥဂ္ဂါ 
ရောက်​လာခဲ့သည်​။

"Morning ဝသုန်​''

"ဟုတ်​ကဲ့''

"ဒီမှာ ဝသုန့်​ကို မိတ်​ဆက်​​ပေးမလို့
ဒါကိုယ့်​ညီ​လေ''
ဥဂ္ဂါက သူ့​ဘေးမှာထိုင်​​နေ​သော ​ကောင်​​လေး၏ ပခုံးကို လှမ်းပုတ်​ပြရင်း မိတ်​ဆက်​​ပေးသည်​။

ComplicatedWhere stories live. Discover now