Episode-29

2K 151 15
                                    

(Zawgyi)

"မိုးဝသုန်​....''

ဒီက​လေးကိုသူဆုံးရှုံးလို့မဖြစ်​.....

အရာအားလုံးတစ်​ခုမကျန်​လက်​လွှတ်​လိုက်​ရရင်​​တောင်​ ဝသုန်​သည်​ သူထာဝရဖမ်းဆုပ်​ထားလိုမိ​သည့်​ တစ်​ဦးတည်း
သောသူ....

ငယ်​စဉ်​ကဖြစ်​တည်​ခဲ့​သောသံ​ယောဇဉ်​​ပေါ်ဝယ်​ အရွယ်​​ရောက်​ချိန်​မှထပ်​​လောင်း​ပေါ်​ပေါက်​လာ​သော မြတ်​နိုးမှုကိုပါ​ရော​ပေါင်း၍ ဝသုန့်​ကို ဥဂ္ဂါသိပ်​တွယ်​တာမိသည်​။

ထိုက​လေးအနားမှာပဲကျန်​ရှိသည့့်​ဘဝ
တစ်​​လျှောက်​လုံး ​အေးချမ်းစွာအတူ​နေနိုင်​ရန်​ ​ခေတ္တမျှ ပူ​လောင်​​သော မငြိမ်းချမ်းသည့်​လမ်းကို​ရွေးမိခဲ့သည်​။
ထိုရွေးမိရာလမ်းတွင်​ကြုံ​တွေ့ရ​သောအဖြစ်​အပျက်​များ​ကြောင့်​​ ဝသုန်
နှင့်​ဘယ်​​တော့မှ ဆုံစည်းခွင့်​မရခြင်းကို ဥဂ္ဂါ လက်​ခံမည်​မဟုတ်​....။

ဥဂ္ဂါဘဝတွင်​ တစ်​စုံတစ်​​ယောက်​၏အားကိုးရာဖြစ်​​ချင်​မိသည့်​ ခံစားချက်​မှာ ဝသုန့်​​ကြောင့်​ပင်​ ဖြစ်​တည်​ခဲ့သည်​။
ဝသုန့်​၏​ရှေ့တွင်​​တော့ သူသည်​ ကိုယ်​ကျင့်​တရား​ကောင်းမွန်​​သော သူတစ်​​ယောက်​အဖြစ်​သာ ရပ်​တည်​ချင်​မိသည်​။

သို့ဖြစ်​ရာဝသုန်​သူ့အားနာကျည်းမုန်းတီးသွားလျှင်​ ဥဂ္ဂါဘယ်​လိုမှ ခံနိုင်​ရည်​ရှိမည်​မထင်​...။
ထို့​ကြောင့်​ သင်္ခယာ့ကို တရားခံအဖြစ်​စွပ်​စွဲဖို့အထိပင်​ ဆင်​ခြင်​တုံတရားမဲ့စွာ
တွေးမိသည်​။
ထိုအကြံကို​နေမာန်​သာလက်​မခံလျှင်
ဘယ်​လိုများလုပ်​ရပါ့.....

အ​တွေးနယ်​ချဲ့​နေခြင်း အဆုံးမသတ်​မှီမှာပင်​ ဥဂ္ဂါထံphoneဝင်​လာခဲ့သည်​။
တုန်​ယင်​ချင်​​နေ​သောအသံကို ကြိုးစား
ဖျောက်​ရင်း
"ဘယ်​လိုလဲ​နေမာန်
ငါ​ပြောတာလက်​ခံလား?''

"လက်​မခံဘူး''

"ဘာ!! မင်းလက်​မခံလဲ ငါ့နည်းနဲ့ငါ့ဟန်​ ရ​အောင်​လုပ်​မှာ​နေမာန်​''

"ငါ့စကားကို ဆုံး​အောင်​နား​ထောင်​စမ်းဥဂ္ဂါ
သင်္ခယာ့ကို တရားခံဖြစ်​​အောင်​မလုပ်​ဘူး​သူ့မိဘ​တွေပါလာရင်​ ကိစ္စ​တွေရှုပ်​ကုန်​မှာ
အဲ့ဒါထက်​ပို အဆင်​​ပြေမယ့်​အကြံ ငါစဉ်းစားမိထားတယ်​!''

ComplicatedWhere stories live. Discover now