Final Part-2

9.5K 259 109
                                    

(Zawgyi)

အပြင်​ဘက်​ ​လေဟာပြင်​​ ပျံကျဈေးတန်းထံမှ ပျံလွင့်​လာ​သော သင်းပျံပျံ ပန်းရနံ့များ၊ ပျားပန်းခတ်​မျှ လှုပ်​ရှား​နေ​သော ​ဈေးဝယ်​သူများ၊ ပူပူ​နွေး​နွေးစားချင်​စဖွယ်​ အ​ငွေ့တစ်​​ထောင်း​ထောင်းနှင့်​ စား​သောက်​ဖွယ်​ရာများ ​ရောင်းချ​နေသည့်​ 
ဈေးဆိုင်​ငယ်​များ ...စသည်​ စသည်​နှင့်​ စည်​ကား​နေ​သော ​ဈေးပတ်​ဝန်းကျင်​အား
ဥဂ္ဂါသ​ဘောကျစွာ ကြည့်​​နေမိ​တော့သည်​။

ငါးရက်​တစ်​​ဈေး ​ဈေး​နေ့​ပေမို့အထုတ်​ကြီး အထုတ်​ငယ်​ကိုယ်​စီဆွဲကာ ​ပျော်​တပြုံးပြုံးနှင့်​ ​ဈေးဝယ်​လာကြ​သော တိုင်းရင်းသူ တိုင်းရင်းသားများမှာ ရိုးသားပွင့်​လင်းကြဟန်​ အပြည့်​နှင့်​။

ဤ​နေ့မှပဲ ရာသီဥတုက ခါတိုင်းထက်​ပို၍ ​အေးမြ​နေ​လေသည်​။
ယခင်​​နေ့များ၌ မကြုံစဖူး အပူချိန်​37 Degreeအထိ စံချိန်​ချိုး​လောက်​​အောင်​ မြင့်​တတ်​သွားခဲ​သော်​ငြား ယ​နေ့၌မူ အနည်းငယ်​အုံ့မှိုင်းမှိုင်း ရာသီဥတုက လွိုင်​လင်​မြို့ငယ်​အား လွှမ်းခြုံထား​လေ​သော​ကြောင့်​ ​အေးမြချမ်း​မြေ့သည့်​ အ​ငွေ့အသက်​တို့က ဥဂ္ဂါစိတ်​အား ပို၍ ကြည်​လင်​​နေ​စေသည်​။

ထိုအခိုက်​မှာပင်​ ...

''အလုပ်​ဆင်းလို့ရပြီသား'' ဟူ​သောဆိုင်​ရှင်​ အန်​တီကြီး၏ စကားသံကိုကြားမိချိန်​တွင်​​တော့ ဥဂ္ဂါအနည်းငယ်​အံသြသွားရသည်​။ ည​နေ၄နာရီသည်​ ပုံမှန်​ဆိုင်​ပိတ်
ချိန်​မဟုတ်​​သေး။

"အန်​တီတို့သွားစရာရှိလို့ ဆိုင်​​စောပိတ်​မလို့'' ဟု ဆက်​​ပြောလိုက်​သည့်​ စကားအားကြားလိုက်​ချိန်​၌ ဥဂ္ဂါအနည်းငယ်​ 
ကျေနပ်​သွားရသည်​။

(ညီနဲ့ တစ်​​နေရာသွားလည်​ရင်​ ​ကောင်းမလားပဲ)

ဥဂ္ဂါစိတ်​ကူးတို့ အ​သေအချာပင်​ အ​ကောင်​အထည်​​ပေါ်လာခဲ့ပါသည်​။
ဆိုင်​​ရှေ့မလှမ်းမကမ်​​ဈေးထဲ၌ ​ယောင်​လည်​လည်​နှင့်​​လျှောက်​​နေ​သော ဝသုန့်​အား ဥဂ္ဂါလှမ်းမြင်​လိုက်​ရ​ခြင်း​ကြောင့်​ပင်​။

ComplicatedWhere stories live. Discover now