Episode-32

2.1K 156 20
                                    

(Zawgyi)

"Air Con တင်​​ပေးရမလား?''

ပြတင်း​ပေါက်​အားခပ်​​ငေး​ငေးစိုက်​ကြည့်​ရင်း တစ်​စုံတစ်​​ယောက်​ထံ စိတ်​တို့အားပို့လွှတ်​ထားခဲ့​သော ဥဂ္ဂါ​နေမာန့်​ အသံ
ကြား​တော့မှသာ သတိဝင်​လာခဲ့သည်​။

"အခု​တောင်​​တော်​​တော်​​အေး​နေပြီကို''
ဟု ဥဂ္ဂါပြန်​​ပြောမိချိန်​တွင်​​တော့
"မသိဘူး​လေ....မင်းကြည့်​ရတာ အ​တော်​ရင်​ပူ​နေပုံရလို့''
ဟူ​သော ခပ်​ရွဲ့ရွဲ့စကားတို့နှင့်​အတူ 
နေမာန့်​လက်​အစုံက car air conအား အရှိန်​ကုန်​မြှင့်​တင်​ခဲ့ပြီးဖြစ်​သည်​။

"အဟက်​....ရင်​ပူ​နေတာ ငါမဟုတ်​ဘူး
မင်းဖြစ်​မယ်
ဒါနဲ့ မင်းဘာကိစ္စနဲ့ငါ့​နောက်​ကိုလိုက်
ချောင်း​နေရတာလဲ?''

"လိုက်​​ချောင်း​နေတာမဟုတ်​ဘူး ဥဂ္ဂါ!''
ကားကို ခပ်​​ဖြေး​ဖြေး​မောင်းနှင်​​နေ​သော ​နေမာန်​ ဥဂ္ဂါ၏မျက်​နှာအားတစ်​ချက်​​စောင်းငဲ့ကြည့်​လိုက်​သည်​။ထို့​နောက်​သူ့စကားအားဆက်​သည်

"လာ​စောင့်​​နေတာ!!''

"အဟက်​....''အသက်​မပါ​သော ​ခြောက်​ကပ်​ကပ်​ရယ်​သံတစ်​ခုဖြင့်​ ဥဂ္ဂါ
နေမာန့်​အား​လှောင်​ရယ်​လိုက်​သည်​ကို မကြားဟန်​​ဆောင်​ရင်းတစ်​​နေရာသို့ ကားကို ​ဆက်​မောင်းနှင်​သွားခဲ့သည်​။
.
.
.

ခပ်​ကျဉ်းကျဉ်း​လှေကားထစ်​တို့အား တ​ရွေ့​ရွေ့တတ်​လာရင်း ဥဂ္ဂါစိတ်​ထဲတွင်
ဝသုန့်​အား သတိတရရှိမိပြန်​သည်​။
လွန်​ခဲ့​သော အချိန်​များက ဤ​လှေကားထစ်​များကို ဝသုန်​နှင့်​သူ အတူတူ တတ်​လှမ်းခဲ့ဖူးသည်​။

အ​ပေါ်ဆုံးထပ်​ရှိ ဥဂ္ဂါ၏ အခန်းငယ်​ထဲတွင်​ အတူ ဟင်းချက်​ကြရင်း ​ပျော်​ရွှင်​ရယ်​​မောခဲ့ဖူးသည်​။ ​လှေကားကို ​လေးပင်​စွာ တတ်​​နေ​သော ဝသုန့်​လက်​ကိုဆွဲကာ ဥဂ္ဂါတတ်​ကြွစွာ ဤ​လှေကားထစ်​တို့ကိုတတ်​လှမ်းခဲ့ဖူးသည်​။

သို့​သော်​ယခုအချိန်​တွင်​​တော့ မနှစ်​သက်​သက်​လှစွာ​သော ​နေမာန်​ဟူ​သော ရန်​သူ​တော်​နှင့်​ အတူ​ တတ်​ရ​သော လှေကားထစ်​တို့မှာ ပို၍ပင်​ မတ်​​စောက်​​နေသ
ယောင်​...​ခြေလှမ်းတို့က ပို၍ပင်​​လေးလံ​နေသ​ယောင်​ အတိဖြစ်​​နေ​လေသည်​။

ComplicatedWhere stories live. Discover now