Episode-42

1.9K 148 19
                                    

(Zawgyi)

ညို​မှောင်​သော တိမ်​တိုက်​တို့ လွှမ်းခြုံထားသဖြင့်​ ပတ်​ဝန်းကျင်​မှာ မိုးဥတု၏ အရိပ်​အ​ယောင်​တို့က စိုးမိုး​နေ​လေသည်​။

လမ်းသွားလမ်းလာများကလည်း မိုးရိပ်​ဆင်​လာသည်​ကို သတိထားမိကြ​သော
ကြောင့်​ မကြာမီရွာသွန်း​တော့မည့်​ မိုးအား ​ရှောင်​တိမ်းရန်​ နီးစပ်​ရာ cafeသို့ အ​ပြေးအလွှား ဝင်​​ရောက်​လာကြသဖြင့်
Breeze coffee shop​လေးမှာ customerများနှင့်​ စည်​ကား​နေ​လေ
သည်​။

အုံ့မှိုင်းမှိုင်း မိုးဥတုနှင့်​ ခါးဆိမ့်​ဆိမ့်​coffeeတို့မှာ သင့်​​တော်​လှ​သော
အတွဲအစပ်​ဖြစ်​သည်​မို့ coffee barista
ဥဂ္ဂါမှာ တစ်​​ယောက်​တည်း လက်​မလည်​​အောင်​ကို အလုပ်​ရှုပ်​​နေ​တော့သည်​။

"အကို ကျွန်​​တော်​ ကူညီ​ပေးမယ်​​လေ''

အသံလာရာအားကြည့်​မိချိန်​တွင်​​တော့
ဥဂ္ဂါအနား၌ ခပ်​ရို့ရို့ရပ်​​နေ​သော ခွန်​ဆိုင်းအား​တွေ့လိုက်​ရသည်​။
ဥဂ္ဂါ​ခေါင်းတစ်​ချက်​ငြိမ့်​ပြရင်း ခွန်​ဆိုင်း၏ အကူအညီအား လက်​ခံလိုက်​​လေသည်​။

ဒီ​နေ့ လက်​​ထောက်​baristaနား​သော
ကြောင့်​ ဥဂ္ဂါတစ်​​ယောက်​တည်း လက်​ ​မလည်​ဖြစ်​​နေသည်​မို့ တကယ်​လည်း အကူလိုအပ်​​နေသည်​​လေ။

ခွန်​ဆိုင်း၏ အလုပ်​လုပ်​ပုံအား ဥဂ္ဂါမသိမသာ အကဲခပ်​​နေမိသည်​။ သွက်​လက်​ထက်​မြက်​စွာ လုပ်​ကိုင်​တတ်​ခြင်း
ကြောင့်​ ဥဂ္ဂါ၏ လက်​​ထောက်​နီးပါး​လောက်​ပင်​ အသုံးဝင်​လှသည်​။ ကြုံရာအလုပ်​အား မခိုမကပ်​ဘဲ လုပ်​တတ်​သူမို့ ဆိုင်​အတွက်​အားကိုးရသည်​မှာ​တော့ အမှန်​ပင်​။

"အင်း...ခွန်​ဆိုင်းကို ဒီလကုန်​ရင်​​တော့ လစာတိုး​ပေးလိုက်​ဦးမယ်​''ဟုပင်​ ဥဂ္ဂါ
တွေးထားမိလိုက်​သည်​။

ည​နေခင်း ဆိုင်​ပိတ်​ခါနီးအချိန်​တွင်​​တော့ ဥဂ္ဂါ coffee barအား ခွန်​ဆိုင်းနှင့်​ပင်​ လွှဲထားလိုက်​​တော့သည်​။

သူ့မှာ အ​ရေးကြီး ကိစ္စလုပ်​စရာရှိသည်​​လေ.....။

Coffee barအပြင်​မှ ဥဂ္ဂါ၏ ​ခြေလှမ်းတို့ ဦးတည်​ရာမှာ အခြားမဟုတ်​ မီးဖို​ချောင်​ပင်​။
အ​ရေးကြီးကိစ္စဟူသည်​မှာလည်း မကြာမီ အလုပ်​က ပြန်​​ရောက်​လျှင်​ဝင်​လာ​တော့မည့်​ ​ကောင်​ငယ်​​လေးအတွက်​ ညစာအဆင်​သင့်​ ဖြစ်​​နေ​စေရန်​ကိစ္စပင်​။

ComplicatedWhere stories live. Discover now