Episode-8

4.1K 290 10
                                    

(Zawgyi)

'သင်္ခယာ'

ရီ​ဝေ​ဝေ အကြည့်​​တွေကိုပိုင်​ဆိုင်​ထားသူ

ခပ်​အုပ်​အုပ်​ ဆံပင်​ပုံစံဖြင့်​ ဂျစ်​ကန်​ကန်​​ကောင်​​လေးတစ်​​ယောက်

ခပ်​ပါးပါးနှုတ်​ခမ်းတို့က အမြဲလိုလို တည်​​နေတတ်​ပြီး

အရယ်​အပြုံးဆိုတာလဲ မရှိသ​လောက်​ကိုရှားပါးသူ

သို့​သော် ထိုအချက်​​တွေ​ကြောင့်​ပင်
မိန်းက​လေး​တွေကြားထဲ သိပ်​ကို​ရေပန်းစားသူ

သို့​သော် ထိုအချက်​​တွေ​ကြောင့်​ပင်​ မိန်းက​လေး​တွေကြားထဲ သိပ်​ကို​ရေပန်းစားသူ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


သူ့ကို ယမုံ​ ​ကောင်း​ကောင်းသိပါသည်​။

ယမုံတို့​ကျောင်းအနီးရှိ နာမည်​ကြီး
Private School တစ်​ခုရှိ​ ယမုံတို့နှင့်​ အတန်းတူ ၈တန်းကျောင်းသားဖြစ်​သည်​။

ကျောင်းမှာ မိန်းက​လေး​တွေစုမိလျှင်​ သူ့အ​ကြောင်းခဏခဏကို​ပြောကြသည်​။ အစက​တော့ ယမုံသတိမထားမိ။ 
နောက်​ပိုင်းကျ သူ့အမူအကျင့်​​တွေက
ဝသုန်​နှင့်​ခပ်​ဆင်​ဆင်​ ဖြစ်​​နေသည်​ဟု ​တွေးမိပြီး အနဲငယ်​​တော့ သတိထားမိလာသည်​။

မှတ်​မှတ်​ရရ ယမုံ ၈တန်းတတ်​ခါစနှစ်​တွင်​ ​ကျောင်း​ပေါင်းစုံ Basket Ballပြိုင်​ပွဲကျင်းပသည်​​။ မိန်းက​လေး အတန်း
ခေါင်း​ဆောင်​ဖြစ်​​သော​ကြောင့်​ Basket Ball ပြိုင်​ပွဲ လိုက်​အား​ပေးရသည်​။
Finalပွဲတွင်​ယမုံတို့ကျောင်းအ.ထ.က-၂ နှင့်​ အခြား Private School တစ်​ခုနှင့်​ ယှဉ်​ပြိုင်​ကြသည်​။

ယမုံတို့လဲ အသဲအသန်​ ကိုယ့်​​ကျောင်းအသင်း အနိုင်​ရ​ရေးအတွက်​ ​အော်​ဟစ်​အား​ပေးကြသည်​။ သို့​သော်​လဲ လည်​​ချောင်းကွဲမတတ်​ ​​အော်​ရကြိုးပင်​မနပ်​။

ComplicatedWhere stories live. Discover now