Episode-28

2K 162 5
                                    

(Zawgyi)

အ​ဝေး​ပြေးလမ်းတစ်​​လျှောက်​တွင်​ ​ခြေဗလာနှင့်​ ​သွေးပျက်​​နေ​သော က​လေးငယ်​သည်​ ကံ​အ​ကြောင်း အား​လျှော်​စွာပင်​ ရန်​ကုန်​သို့ကားကြုံလိုက်​ခွင့်​ရခဲ့သည်​။

အရုဏ်​တတ်​ခန့်​အချိန်​တွင်​​လက်​တစ်​ဖက်​မှအထုတ်​ငယ်​တစ်​ထုတ်​ကို ကျစ်​ကျစ်​ပါ​အောင်​ပိုက်​ကာ ကျန်​လက်​တစ်​ဖက်​က လမ်းမှလာလာသမျှကားတို့ကို တားဆီး​နေ​သော ချစ်​စဖွယ်​က​လေးငယ်​ကို မိသားစုခရီးထွက်​လာဟန်​တူ​သော ကားတစ်​စီးမှ driverလူကြီးက မြင်​မိသော​ကြောင့်

"သား​လေး ဘယ်​သွားချင်​လို့လဲ မိဘ​တွေက​ရော?''

မျက်​လုံး​လေးကလယ်​ကလယ်​နှင့်​ ကြည့်​​နေရင်းမှ ''ရန်​ကုန်​သွားချင်​လို့''ဟု တိုးဖွဖွ အသံ​လေးနှင့်​ ''လိုက်​လို့ရမလား?''
ဟုခွင့်​​တောင်း​နေပုံ​လေးက ကား​မောင်းလာ​သောလူကြီး၏ စိတ်​နှလုံးကို အသနားပို​စေခဲ့သည်​။

"သား မိဘ​တွေ​ရော?''

လူကြီး၏​မေးသံအဆုံး၌ ဥဂ္ဂါမျက်​ဝန်းတို့တွင်​ မိဘနှစ်​ပါးတို့၏ မရှုမလှမြင်​ကွင်းကို ပြန်​လည်​သတိရကာ မျက်​ရည်
ကြောင်းနှစ်​ခုက ခပ်​​ဖောင်း​ဖောင်းပါး​လေး​ပေါ် အရှိန်​အဟုန်​နှင့်​ စီးကျလာခဲ့သည်​။

တအင့်​အင့်​ငိုရှိုက်​ရင်း ''သားကိုရန်​ကုန်​​ခေါ်သွားပါ''ဟု ​တောင်းဆို​နေသည့်​ က​လေးငယ်​ကို မျက်​နှာလွဲခဲပစ်​ မထားရစ်​ခဲ့နိုင်​သည်​မို့ ​ဘေးနားရှိကြင်​သူသက်​ထားက ''ဘယ်​က က​လေးမှန်းမသိဘဲ အမှုပတ်​​နေမယ်​​လေ'' ဟု သတိ​ပေး​နေသည်​ကိုပင်​ ဂရုမထားဘဲ ကား​မောင်းလာ​သော လူကြီးသည်​ ဥဂ္ဂါကို ကား​ပေါ်​ခေါ်တင်​ရန်​ပြင်​ခဲ့သည်​။

ထိုဦး​လေး၏ သားနှင့်​သမီးဖြစ်​ဟန်​တူ​သော ဥဂ္ဂါထက်​ပင်​​ ငယ်​​လောက်​သည့့်က​လေးငယ်​နှစ်​ဦးမှာ ကား​နောက်​ခန်းတွင်​ အိပ်​​ပျော်​​​နေရာမှ မိဘနှစ်​ပါး၏ တီးတိုးစကားဆို​နေသံများ​ကြောင့်​ နိုးလာခဲ့
ကြသည်​။

"သားနဲ့သမီးနိုးလာကြပြီပဲ
ဒီကိုကို့ ကို သားတို့နဲ့ အတူထိုင်​ခို​င်းလိုက်​​နော်​''

ComplicatedWhere stories live. Discover now