Episode-18

3.4K 275 17
                                    

(Zawgyi)

"ရှစ်​လိုင်းစပ်​ကဗျာကို Octect
ဆယ့်​​လေးလိုင်းစပ်​ကဗျာကို Sonnet လို့​ခေါ်တယ်​''

Type of poem အ​ကြောင်း lectureများကို အ​သေအချာလိုက်​မှတ်​သားရင်း စာသင်​ချိန်​ပြီးချိန်​တွင်​​တော့ ဝသုန်​ပစ္စည်းပစ္စယများကို သိမ်းဆည်းကာ​ကျောင်းခန်းပြင်​သို့ ထွက်​ခဲ့သည်​။

အဓိပတိလမ်းတစ်​​လျှောက်​ ​လျှောက်​လာရင်း အ​ရောင်​အ​သွေးစုံ​ကျောင်းသား၊​ကျောင်းသူများကို​တွေ့မြင်​​နေရသည်​။
"အင်း...ဥဂ္ဂါသာရှိရင်​...''
တွေးမိသည်​နှင့်​ လွမ်းဆွတ်​သတိရစိတ်​ကို အလိုလိုဝင်​လာ​တော့သည်​။

ဝေးစရှိ၍​ဝေး​နေတုန်းက မသိသာ​သော်​လည်း၊၁နှစ်​ပတ်​လုံးလည်း​တွေ့ ​ကျောင်းပိတ်​ရက်​မှာလည်း ပိုမှိရင်းနှီးမိခဲ့​သည့်​အတွက်​ နီးပြီးမှ​ဝေးကွာသွားရ​သောအခါ  ထိုလစ်​ဟာမှုကသိပ်​ကိုသိသာလွန်း​နေသည်​။

Phလဲအချိန်​မှန်​ဆက်​မရ၊လူချင်း​တွေ့ဖို့ဆိုတာ သာလို​တောင်​​ဝေး​သောအ​ခြေအ​နေမျိုးမှာ''လွမ်းတယ်​ ခင်​ဗျားရယ်​''ဟုခပ်​ဖွဖွ​ရေရွတ်​မိရုံကလွဲလို့ ဘာမှတတ်​နိုင်​ခြင်းမရှိ။

တစ်​ခါ ကသတိရလွန်း၍ ဥဂ္ဂါအိမ်​ကိုလိုက်​သွားမိပြန်​​တော့ ​သော့ခတ်​ထား​သော တံခါးတစ်​ခုကသာ ဆီးကြို​နေသည်​။

အိမ်​နီးနားချင်း​တွေကို ​မေးမိပြန်​​တော့လည်း ညနက်​သန်း​ခေါင်​မှသာ တစ်​ခါတစ်​ရံပြန်​လာတတ်​​ကြောင်း သိရပြန်
တော့ လွမ်းစိတ်​သတိရစိတ်​အပြင်​ စိုးရိမ်​​စိတ်​ကပါကြီးစိုးလာပြန်​သည်​။

"ဘာ​တွေလုပ်​​နေတာလဲ ဥဂ္ဂါရယ်​''

ကိုယ်​အ​တွေးနှင့်​ကိုယ်​ ​လျှောက်​လာရင်း buss stop နားကို​ရောက်​မှန်းမသိ ​ရောက်​လာခဲ့သည်​။

Busအလာကို ထိုင်​​စောင့်​​နေရင်း
"ပြန်​ရ​တော့မှာလား?''
ကားမှန်​တံခါးကိုဖွင့်​ရင်း ခပ်​တိုးတိုးလှမ်း​မေးသံကြား၍ ကြည့်​မိ​တော့'သင်္ခ'

ဝသုန်​က ဥဂ္ဂါ နှင့်​ ​ကျောင်းအတူမတတ်​ရလျှင်​​တောင်​ major​တော့တူပါ​စေဟူပြီး နဂိုရထား​သော E-majorကို (သိပ်​စိတ်​မဝင်​စား​သော်​ငြား) ပြန်​မ​ပြောင်းဖြစ်​ခဲ့။ သင်္ခက​တော့ ဘာစိတ်​ကူး​ပေါက်​လဲမသိ YUမှာပင်​တတ်​ရင်း Philosophy majorကို ယူခဲ့သည်​။

ComplicatedWhere stories live. Discover now