Episode-13

3.4K 288 13
                                    

"ဥဂ္ဂါကို ကျွန်​​တော်​.....''

ဆက်​​ပြောရမည့်​စကားက စိတ်​ထဲတွင်​​တော့ အကြိမ်​ကြိမ်​​ပြောမိ​နေ​သော်​လဲ တကယ့်​တကယ်​​ပြော​တော့ ဝသုန်​အရမ်းကိုတုံဆိုင်း​နေမိသည်​။

ဥဂ္ဂါက​တော့ ဝသုန့်​ကိုကြည့်​ရင်း ​ပြောလာမည့်​စကားတို့ကို အာရုံစိုက်​လျက်​။

်​ဖြစ်​ချင်​ရာဖြစ်​ဟု သတ္တိ​မွေး
ရင်း...

"ကျွန်​​တော်​လေ ဥဂ္ဂါကို အရမ်း.....

🎵🎵If I got locked away, we lost it all today.🎵🎵 Tell me honestly would u still love me the same?🎵🎵

ကျွန်​​တော်​ဆက်​​ပြောမည့်​စကားတို့
ဥဂ္ဂါphone ringtoneသံ​အောက်​မှာ 
ပျောက်​ဆုံးသွားခဲ့သည်​။

ဥဂ္ဂါ phကို လှမ်းကြည့်​​တော့ မျက်​နှာတစ်​ချက်​ပျက်​သွားသည်​ကို​တော့ ဝသုန်
အ​သေအချာကို သတိထားမိလိုက်​သည်​။ Phoneကို မကိုင်​ဘဲ ချပစ်​ပြီး

"ည​နေ​စောင်း​နေပြီညီ မြန်​မြန်​​လေး​လျှောက်​​နော်​ Uncleစိတ်​ပူ​နေဦးမယ်​''

"ဟုတ်​''ဟုသာခပ်​​လေး​လေး​ဖြေရင်း ဖွင့်​​ပြောရန်​အားခဲထားပြီးမှ ပျက်​သွားရသည်​ကို ကျွန်​​တော်​ အားမလိုအားမရဖြစ်​မိ​နေသည်​။

အိမ်​​ရောက်​​တော့ ယမုံနှင့်​ Daddyက ကျွန်​​တော့်​ကို​စောင့်​​နေကြသည်​။

ဥဂ္ဂါက အိမ်​ထဲထိကျွန်​​တော့်​ကို​သေချာလိုက်​ပို့​ပေးသည်​။

ယမုံက
"ဥဂ္ဂါ အိမ်​မှာည​နေစာစားသွားပါလား?
ဝသုန့်​စာ​မေးပွဲပြီးလို့ ဂုဏ်​ပြုတဲ့အ​နေနဲ့
ကြာဆံချက်​ချက်​ထားတယ်​ ယမုံ့လက်​ရာကိုမြည်းသွားဦး​လေ''

"​နောက်​မှစား​တော့မယ်​ ​ယမုံ​ရေ
ကျွန်​​တော်​ကိစ္စ​လေးရှိ​သေးတာမို့
Uncle ကျွန်​​တော့်​ကိုခွင့်​ပြုပါဦး​နော်​''

Daddyနှင့်​ယမုံ့ကို နှုတ်​ဆက်​ပြီး မြန်​မြန်​ပြန်​ရန်​ပြင်​​နေ​သော ဥဂ္ဂါကို ဝသုန်​နားမလည်​​တော့ ။

"တစ်​​နေ့လုံး​အေး​အေး​ဆေး​ဆေးလည်​​နေပြီး ခုမှဘာလို့ အသည်းအသန်​ပြန်​ချင်​​နေရတာလဲ .... ​စောနကphoneဆက်​တာသူ့ girlfriend များလား???''

ComplicatedWhere stories live. Discover now