Episode-26

2.3K 183 15
                                    

(Zawgyi)

သင်္ခ​ခေါင်းတစ်​ခုလုံး တစ်​စုံတစ်​​ယောက်​က ထုရိုက်​လိုက်​သည့်​နှယ်​ အုံထူသွားရသည်​။ ခုတင်​​ပေါ်တွင်​ ဖြူ​ဖျော့​ငြိမ်​သက်​စွာလှဲ​လျှောင်း​နေ​သော အမျိုးသမီးမှာ သူအသည်းအသန်​လိုက်​ရှာ​နေခဲ့ရ​သော ဝသုန်​နှင့်​ယမုံတို့၏ မိခင်​....။

မျှော်​လင့်​ချက်​အပြည့်​နှင့်​​စောင့်​​နေကြသူများအတွက်​ သင်္ခဘယ်​လိုများ​ပြောရပါ့။
တစ်​ချိန်​ထဲမှာပင်​ ဥဂ္ဂါနှင့်​ သူမဘယ်​လိုများဖြစ်​ကြရပါလိမ့်​ဟူ​သော အ​တွေးတစ်​စနှင့်​ ဥဂ္ဂါအားလှည့်​ကြည့်​မိချိန်​တွင်​​တော့.....

အရုပ်​ကြိုးပျက်​ကြမ်းပြင်​​ပေါ်တွင်​ ထိုင်​ချကာ
"တကယ့်​ကိုမရည်​ရွယ်​ပါဘူး....''
အသိစိတ်​လွတ်​​နေဟန်​နှင့်​ ထိုစကားကိုသာ​ထပ်​တလဲလဲ ရေရွတ်​​နေ​သော
ဥဂ္ဂါ၏ အင်္ကျီ​ကော်​လံကို သင်္ခ​ဆောင့်​ဆွဲပစ်​လိုက်​သည်​။

ထိုအချိန်​မှာပင်​ အခန်းတွင်းရှိဆရာဝန်​ဆိုသူမှာလဲ အ​ခြေအ​နေမဟန်​ပုံကို အကဲခတ်​မိ၌ဖြစ်​မည်​။ အခန်းပြင်​သို့ အလျှင်​အမြန်​​ပြေးထွက်​သွားခဲ့ပြီဖြစ်​သည်​။

သို့​သော်​ က​သောကပါးလိုက်​ဝင်​လာ​သော ခွန်​ဆိုင်းက ဥဂ္ဂါကို ခပ်​တိုးတိုးလှမ်း​မေးသည်​။
"ဒီအမျိုးသမီးကို ဘယ်​လိုလုပ်​လိုက်​ရမလဲ အကို....''

ပြန်​မ​ဖြေနိုင်​ဘဲ ​ခေါင်းခါပြ​သော ဥဂ္ဂါကို ခွန်​ဆိုင်းက ထပ်​အထွန့်​မတပ်​ရဲဟန်​ဖြင့်​ အခန်းပြင်​သို့ထွက်​သွား​လေသည်​။

"ဘယ်​လို​တွေဖြစ်​ရတာလဲ ဥဂ္ဂါ''

အမြဲကိုကိုဟု​ခေါ်ရင်း သွယ်​ဝိုက်​​သောနည်းဖြင့်​ ဥဂ္ဂါအား အကိုအဖြစ်​အသိအမှတ်​ပြုထားတတ်​သူ သင်္ခ....
ခုချိန်​တွင်​​တော့ အ​ခေါ်အ​ဝေါ်​တွေကိုလဲ ဂရုမစိုက်​နိုင်​​တော့​ပေ....။

တဖွဖွ​မေး​နေ​သော သင်္ခအား အ​ဖြေမ​ပေးဘဲ အနဲငယ်​​ကြောင်​စီစီနိုင်​​နေ​သော မျက်​ဝန်းအစုံနှင့်​သာ ​ငေးကြည့်​​နေ​သော ဥဂ္ဂါကို သင်္ခစိတ်​မရှည်​နိုင်​​တော့......။

ComplicatedWhere stories live. Discover now