Pro boy 1

42.6K 1.5K 36
                                    

(၂ယောက်သုံးယောက်တောင်လာပြောထားတော့ကျ ပေါတောတောလေးပြန်လာပါပြီလို့ ဖတ်လိုက်ကြပါဦး 👀


Zawgyi

"ခန့်​ခန့်​.. ခန့်​ခန့်​..ခန့်​ခန့်​လို့!!!"

အနားကပ်​ပြီး​အော်​​နေတဲ့ ဘုဉ်းပြည့်​​ကြောင့်​ အူထွက်​ချင်​​နေတဲ့နားကိုပွတ်​ရင်းခုံ​ပေါ်​မှောက်​အိပ်​​နေရာကမ​ကျေမနပ်​လူးလဲထလိုက်​သည်​။

"ဘာလဲကွာ ​သေမလို​ခေါ်​နေတာလား
ချယ်​မလာခင်​ ခဏ​မှေးမို့ဟာကို"

"​မှေးမ​နေနဲ့ ထကြည့်​စမ်း..
ဟိုမှာ Golden boyကြီးဟ"

အေး​အေး​ဆေး​ဆေးအိပ်​​နေတဲ့လူကိုမရမကနိုးပြီးကြည့်​ခိုင်းရတဲ့အ​ကြောင်းကိုသိရချိန်​မှာ​တော့...

"​ပန်​ဒါ​ကောင်​!!!!!"

အသံအားသိပ်​မ​ကောင်းလှတဲ့ခန့်​ရတု​လေးရဲ့အသံဟာတက္ကသိုလ်​ဝင်းတစ်​ခုလုံးကြားနိုင်​​လောက်​​အောင်​ဟိန်းထွက်​သွားသည်​။
ပန်​ဒါ​ခေါ်လို့Zi Tao လို​ချော​နေလို့လားမထင်​ပါနဲ့။တစ်​ညတစ်​ည ဂိမ်းထိုင်​နှိပ်​​နေလို့မျက်​ကွင်း​တွေညိုမဲ​နေလို့​ခေါ်တာ။နဂိုထဲကအသား​လေးမ​ဖြူရှာပါဘူးဆို မျက်​ကွင်းညို​နေတဲ့သူ့သူငယ်​ချင်း​လေး။

"အူထွက်​သွားတာပဲကွာ....
စိတ်​​လေး​လျော့စမ်းပါ..."

"ကျစ်​..."

မ​ကျေမနပ်​စုတ်​သတ်​ရင်းသူအိပ်​​နေတာကို​နှောင့်ယှက်​​စေတဲ့အဓိကတရားခံဆီကြည့်​မိ​တော့သူတို့အ​ဆောင်​ဘက်​လှည့်​ကာကြည့်​​နေသည်​ကလူသတ်​​တော့မယ့်​ဒီဇိုင်းနဲ့။သူ့အသံအဲ​လောက်​ကျယ်​သွားလား။
ဒါ​တောင်​အဲ့အ​ချေ​ကောင်​နားမှာဖုန်းနဲ့တဖျတ်​ဖျတ်​မှတ်​တမ်းတင်​​နေတဲ့မ​ဟေသီ​တွေကရထားတွဲလိုပါလာ​သေး။သူ့လက်​ကိုချိတ်​ထိပ်ထားဆိုတဲ့ရည်းစားကြီးရှိနေတာတောင်ဘာလို့အဲလိုလုပ်​​နေကြပါလိမ့်​။
ဟွန့်​ ဂရုကိုမစိုက်​တာပါ။မစိုက်​ဆိုခန့်​ရတုဘဝမှာ အစားရယ်​အအိပ်​ရယ်​ စာရယ်​ကလွဲရင်​ ဘာကိုမှအ​ရေးမထားတာမို့။အာ့​ကြောင့်​လဲရှားရှားပါးပါးသူငယ်​ချင်း​လေးတစ်​​ယောက်​ပဲရှိတာ။
သူငယ်​ချင်းမရှိဆို အတန်းထဲမှာဆိုအမြဲ​ချောင်​မှာ​နေသလို စကားကလဲနည်းတာမို့။ကိုယ့်​ဘက်​ကစ​ရောရတာကိုမကြိုက်​တာလဲပါတာ​ပေါ့​လေ။ချေတာမဟုတ်​ဘူး​နော်​။ခန့်​ရတုက ဟို​ကောင်​​တွေ​ခေါ်တဲ့ Golden boy​ ဆိုတဲ့အ​ချေ​ကောင်​နဲ့မတူဘူး။
တကယ်​ကမပြင်​မဆင်​ စုတ်​တိစုတ်​ဖွားနဲ့ ဖြစ်​ချင်​တိုင်းဖြစ်​ ပျက်​ချင်​တိုင်းပျက်​​နေတဲ့ဘဲရုပ်​ဆိုးဖြစ်​​နေတာလဲပါမယ်​။ဒါ​တောင်​စကား​ပြောရင်​ ဘုနဲ့​ဘောက်​ သူလိုလူကိုသည်းခံ​ပေါင်းတာ ငယ်​သူငယ်​ချင်းကြီးဘုဉ်းပြည့်​သာရှိသည်​။ပြောသာ​ပြောရတယ်​ခန့်​ရတုလို့​ခေါ်လိုက်​တာနဲ့ဘယ်​သူလဲလို့​ပြေး​မေးကြတာကများသည်​။
အော်​ ဒါနဲ့ အဲ့အ​ချေ​ကောင်​ကခန့်​ခန့်​တို့ Sectionကပဲသိလား။
______________________________Prominent
"​မေ သားပြန်​လာပြီ"

Prominent BOY [[Completed]]Onde histórias criam vida. Descubra agora