Pro boy 14

9.8K 776 12
                                    

Prominent boy (14)

ZAWGYI ::

ည​ဈေးကသိပ်​မ​ဝေးတာမို့နှစ်​​ယောက်​သားလမ်း​လျှောက်
သွားကြသည်​။

"ဂဏန်းကြီး​တွေ..."

အိုးထဲကအ​ငွေ့တစ်​​ထောင်း​ထောင်းနဲ့ ဂဏန်း​ပေါင်း​တွေကို
ငမ်း​နေတဲ့ခန့်​ခန့်​။
မျက်​မှန်​ကိုလာရိုက်​တဲ့အ​ငွေ့​တွေကို ဂရုမစိုက်​အားပဲ
အိုးထဲဝင်​မတတ်​သားရည်​တမြားမြားငမ်း​နေသည်​။

"စားမလား..."

"မင်း​ကျွေးမှာလား..."

"စားချင်​ရင်​စား...ဒါ​လေး​ကျွေးလိုက်​ရလို့..
ငါမွဲမသွားဘူး"

"ဟီး...တကယ်​"

ခန့်​ခန့်​ဂဏန်းလက်​မကြီးကိုပဲစုပ်​​နေရသည်​။သူက
ဂဏန်းမှမခွာတတ်​တဲ့ဟာကို။

"ကျွတ်​..."

ရှိန်းကစိတ်​ရှုပ်​သလိုညည်းရင်း ဂဏန်း​တွေကိုယူကာ
ခွာ​ပေး​နေသည်​။ခန့်​ခန့်​ ဂဏန်းသား​တွေစားရင်းရှိန်းကိုကြည့်​​နေမိသည်​။
အတူ​နေတဲ့နှစ်​ရက်​အတွင်း ရှိန်းကခန့်​ခန့်​ကိုဂရုစိုက်​သည်​။
ဂရုစိုက်​တယ်​ဆိုတာ အစားအ​သောက်​ပူစရာမလို
အေး​ဆေး​နေလို့ရသည်​။ချယ်​လာတိုင်း အိပ်​​နေတတ်​တဲ့သူက
ခန့်​ခန့်​ကိုပင်​စာပြန်​ရှင်း​ပေးနိုင်​​သေးသည်​။
ဟို​နေ့ကနားမလည်​တဲ့စာ​တွေကြည့်​ရင်း ​ခေါင်းရှုပ်​လာလို့
သူ့ကို​မေးကြည့်​​တော့ ရှင်းသွားတာမျာဒိုး​ဒိုး​ဒေါက်​​ဒေါက်​။
တကယ်​ဆို ရှိန်းက​အေးစက်​စက်​နိုင်​​ပေမယ့်​ သ​ဘောဆိုးသူ
မဟုတ်​တာသိလိုက်​ရသည်​။
မနက်​ဖြန်​ဆို မကြီးပြန်​လာမှာမို့အိမ်​ပြန်​ရ​တော့မည်​။
အမှန်​​တော့မပြန်​ချင်​ပါ။ရှိန်းရဲ့တိုက်​ခန်းက ​ကျောင်းနဲ့နီးသည်​။
အိမ်​ပြန်​​ရောက်​ရင်​ ဘုဉ်းပြည့်​လာ​ခေါ်တာ​စောင့်​ရမည်​။
သူလာမ​ခေါ်ရင်​ဘတ်​စ်​တိုးစီးရမည်​​လေ။ရှိန်းကကျ
ကားနဲ့တင်​​ခေါ်သည်​။သူမ​ခေါ်ရင်​​တောင်​ ဘတ်​စ်​စီးရမယ်​ဆို
ဘယ်​​လောက်​မှကြာကြာစီးရမည်​မဟုတ်​။
ပြီး​တော့ ရှိန်းရဲ့ဟင်းချက်​စ​ကေးက ​မေ့ထက်​ပင်​သာ​နေတဲ့အခါအစားဂျပိုး ခန့်​ခန့်​တို့ထိုလက်​ရာကို ​နောက်​ထပ်​မစားရမှာ
သေမလို​ကြောက်​ပါသည်​။
အားရပါးရလည်​ပြီး​တော့ တိုက်​ခန်းပြန်​​ရောက်​တာနဲ့
သူ့အတွက်​​ပေးထားတဲ့အခန်းထဲဝင်​ပြီး​ခြေကားယား
လက်​ကားယားနဲ့ဝင်​လှဲပစ်​သည်​။လျှောက်​သွားရတာ
ညောင်းလိုက်​တာ။

Prominent BOY [[Completed]]Where stories live. Discover now