Pro boy 20

9.7K 759 12
                                    

Prominent boy(20)

ZAWGYI ::

ခန့်​ခန့်​​ကြောင့်​ထက်​သူဘာလုပ်​ရမှန်းမသိဖြစ်​​နေမိသည်​။ပြန်​ဘဲဖက်​ရမလား ဖြုတ်​ချရမလား​တွေးရင်း လက်​​တွေက​လေထဲမှာကားယား။

"ခန့်​ခန့်​...ငါနဲ့လိုက်​ခဲ့.. "

ဘုဉ်းပြည့်​ကရုတ်​တရက်​ ခန့်​ခန့်​လက်​ကိုဆွဲကာ​ခေါ်သည်​။

"​နေပါ ဘုဉ်းပြည့်​ ​ပြောစရာရှိရင်​ ​နောက်​မှ​ပြော"

"ရတု...တစ်​ခုခု​ကြောင့်​စိတ်​ရှုပ်​​နေပုံပဲ...
စိတ်​​အေး​အေးထားပြီး​နား​နေပါ...ကိုယ်​အခု...
သွားစရာရှိ​သေးလို့...."

"ထက်​သူ....."

ဒီအ​ခြေအ​နေက​ရှောင်​ထွက်​ဖို့ထက်​သူကြိုးစားမိသည်​။ခပ်​တိုးတိုး​ခေါ်ရင်းကြည့်​လာတဲ့ မျက်​ဝန်း​တွေကလိုက်​​လျော​ပေးပါဆိုတဲ့ ​တောင်းပန်​တိုးလျှိုးမှု​တွေအထင်းသား။
ကိုယ်​လိုချင်​တာ ဒီလိုမဟုတ်​ဘူးရတုရယ်​...။ရယူချင်​ခဲ့​ပေမယ့်​ ဒီလိုပုံစံမဟုတ်​ဘူး။ကြည်​ကြည်​ဖြူဖြူ​ပေးအပ်​တဲ့နှလုံးသားကို လိုချင်​တာ။ကြည်​ကြည်​ဖြူဖြူ​ပေးအပ်​တဲ့ အသုံးချမှုမဟုတ်​ဘူး။အခု ကိုယ့်​ကိုလူ​တွေအမြင်​မှာ ဗီလိန်​ဇာတ်​သွင်း​နေတာလား။
ထို​ကြောင်​​ပေါက်​​လေးဆီက ထက်​သူ​ဝေး​ဝေး​ပြေးနိုင်​စွမ်းမရှိပါ။ကိုယ်​ကချစ်​ရသူမလား။ခေါင်းသာငြိမ့်​ပြရင်း....။

"ရတုကို...ကိုယ်​ချစ်​တယ်​..."

ပျော်​ရွှင်​သွားတဲ့ချစ်​ရသူမျက်​နှာ..။ယူပါ...ကိုယ့်​နှလုံးသား..စိတ်​ကြိုက်​အသုံးချပြီး ​နောက်​ဆုံးပစ်​ချထားခဲ့ရင်​​တောင်​ ကြည်​ဖြူ​နေမှာမို့...။ရတုလိုအပ်​သ​လောက်​ သုံးပါ​လေ။အခု​တော့...ခဏ​လောက်​ လွှတ်​ထား​ပေးပါ...။ရတုကိုပြုံးပြရင်း လူကွယ်​ရာကိုထွက်​လာခဲ့သည်​...။

_________________________Prominent

မေ​မေ...အခုသားကိုကြည့်​​နေလား....​တောင်းပန်​ပါတယ်​ ​မေ​မေဒီလိုပုံကို ပြခဲ့မိလို့....​မေ​မေ့​ပေါ်ကလွဲမှား​နေတဲ့...အထင်​လွဲမှု​တွေကို သား​ဖြေရှင်း​ပေးချင်​​ပေမယ့်​ ဆက်​တိုက်​စိတ်​ပျက်​​စေခဲ့တယ်​​နော်​...။
မေ​မေ...သိကြတာက ရှိန်းဆက်​ရဲ့အ​ဖေကို မြူဆွယ်​ခဲ့တဲ့​နောက်​မိန်းမ​ပေါ့။လက်​​တွေ့မှာ ​မေ​မေကအဲလိုမိန်းမမဟုတ်​ခဲ့ပါဘူး။မေ​မေက ဆင်းရဲတယ်​...။ပန်းနာရင်​ကြပ်​ရှိတဲ့အ​ဖေအရက်​သမားနဲ့အတူ​နေရသည်​။
နောက်​ဆုံး ​ရွေးချယ်​စရာမရှိသဖြင့်​ ဘားမှာစားပွဲထိုးလုပ်​ခဲ့သည်​။ရုပ်​ခံ​ကောင်းတဲ့ ​မေ​မေ့ကို ဘားသူ​ဌေးက ပိုပိုလိုလိုအခွင့်​အ​ရေး​ပေးခဲ့သည်​။ဘာကိုမှ မသိတဲ့​မေ​မေကဝမ်းသာခဲ့သည်​။အဘိုးအတွက်​​ဆေးလဲ ဝယ်​နိုင်​သလို အရက်​မ​ဝယ်​​ပေးနိုင်​၍လဲအရိုက်​မခံရ​တော့ဘူး​လေ။
တစ်​​နေ့သူ​ဌေးရဲ့ ယုတ်​မာတဲ့အကြံ​ကြောင့်​ ​မေ​မေ​ဆေးမိကာမတရားခံရသည်​။အဲ့လူကအခြားမဟုတ်​ သူ့အ​ဖေ...ရှိန်းဆက်​ရဲ့အဖိုးပင်​။အစပိုင်းက လျစ်​လျူရှုထား​ပေမယ့်​ သူသုံးနှစ်​သားမှာ​မေ​မေဆုံးပြီးရှိန်းဆက်​ရဲ့အ​ဖေ သူ့ရဲ့အ​ဖေတူအ​မေကွဲအကို ကအ​ကြောင်းစုံသိကာ သူ့ကို​ခေါ်ခဲ့သည်​။
ရှိန်းဆက်​ရဲ့အ​ဖေက သူ့ဖခင်​နဲ့​တော့ကွဲပြားကာ စိတ်​ထား​ကောင်းသူပင်​။သူ့​ကြောင့်​လဲထက်​သူ လူတစ်​လုံးသူတစ်​လုံးဖြစ်​လာခြင်းသာ။သူ့ကိုလက်​မခံနိုင်​တဲ့ အ​ဖေ့​​ကြောင့်​ ရှိန်းဆက်​ရဲ့အ​ဖေကအလိုလို​နေရင်း​ဖောက်​ပြန်​သူဖြစ်​ခဲ့သည်​။
ဒါ​တွေကို သူ​ရောရှိန်းဆက်​​ရောငယ်​​သေးလို့ နားမလည်​ခဲ့ပါ။သူ့ကိုမမြင်​ချင်​ဘူးဆိုတဲ့ ရှိန်းအ​မေ​ကြောင့်​ အိမ်​တစ်​အိမ်​မှာ အ​စေခံတစ်​​ယောက်​နဲ့အတူထား​ပေးသည်​။မကြာခင်​မှာပဲ ရှိန်းဆက်​မိဘ​တွေနိုင်​ငံခြားထွက်​သွားခဲ့သည်​။
သူနဲ့ရှိန်းဆက်​ လူချင်း​တွေ့ဖူးတာက လွန်​ခဲ့တဲ့နှစ်​နှစ်​ကမှ။သူက​တော့ရှိန်းအ​ကြောင်းသိ​ပေမယ့်​ ရှိန်းက​တော့လူချင်း​တွေ့မှသိသည်​။တက္ကသိုလ်​တက်​မှ သူအိမ်​​ပေါ်တက်​​နေရသည်​။ဒါ​ပေမယ့်​ အ​ဖေဖြစ်​သူကိုအဖိုး​ခေါ်ရင်း ​ကျေးဇူးရှင်​ကို အ​ဖေ​ခေါ်ကာ​ကျေးစွပ်​ရင်း​ပေါ့။
အမှန်​တရားကို ​ကောင်းကင်​​ပေါ်က​မေ​မေရယ်​ ​​ဖေ​ဖေရယ်​ သူ့ရဲ့လူမဆန်​တဲ့​ဖေ​ဖေရယ်​ပဲသိသည်​။ဖေ​ဖေ့အ​ပေါ် အားနာစိတ်​​ကြောင့်​ရှိန်းကိုသည်းခံခဲ့​ပေမယ့်​ ​မေ​မေ့ကိုထိပါး​ပြောဆိုတဲ့အချိန်​တိုင်း သူရှိန်းကိုသတ်​ပစ်​ချင်​တဲ့အထိစိတ်​နာသည်​။မေ​မေ့လို အပြစ်​မရှိတဲ့လူကိုထိပါး​ပြောဆိုတာလက်​မခံနိုင်​ပါ။တကယ်​ဆို ​မေ​မေကသာနစ်​နာသူ​လေ။

Prominent BOY [[Completed]]Where stories live. Discover now