Pro boy 8

11.7K 888 1
                                    

Prominent boy (8)

ZAWGYI ::

စာသင်​ခန်း​လေးက ​အော်​ဟစ်​သံရယ်​သံ​တွေနဲ့ ဆူညံ​နေသည်​။အဲလိုပဲ ​နောက်​ဆုံး​ထောင့်​ကျက်​ခုံမှာ ​ခေါင်း​မှောက်​ပြီးအိပ်​​နေတဲ့ ​ကောင်​​လေးတစ်​​ယောက်​လဲရှိ​နေသည်​။
အ​ရှေ့ဘက်​နားက ခုံမှာ​တော့ မျက်​​မှောင်​ကြီးကြုတ်​ရင်း အိပ်​​နေတဲ့​ကောင်​​လေးကို စိုက်​ကြည့်​​နေသူတစ်​ဦး။

"ခန့်​ခန့်​​...ခန့်​ခန့်​"

ဘုဉ်းပြည့်​ကတိုးတိုး​လေးလှုပ်​နှိုး​နေသည်​။ရှေ့ခုံက လူ​ကြောင့်​လဲ အနားသိပ်​မကပ်​ရဲ။

"အင်း မင်းငါအိပ်​​နေတာကိုနိုးပြန်​ပြီလား"

အ​ကြောဆန့်​ရင်း ​မေးလာတဲ့ခန့်​ခန့်​​ကြောင့်​ ဘုဉ်းပြည့်​နားနှစ်​ဖက်​ကိုပိတ်​လိုက်​မိသည်​။ဟိုတစ်​ခါကလို​အော်​ရင်​နား​တွေကွဲထွက်​ရချည်​ရဲ့။

"​ကျောင်းသားသစ်​ ​ပြောင်းလာမယ်​တဲ့"

လေသံ​လေးနဲ့​ပြောရင်း ရှိန်းထိုင်​​နေတဲ့ဘက်​ခိုးကြည့်​လိုက်​သည်​။ဒီဘက်​ကိုကြည့်​မ​နေ​တော့။

"အာ့ ငါ့အတွက်​ဘာအကျိုးရှိလဲ"

"ဟာ အကန့်​​တွေချည်းမ​ပြောနဲ့​လေ"

"ဘာဖြစ်​ဖြစ်​ သွားစမ်းပါ..."

"​သောက်​​ကြောတင်း​ကောင်​ တဖြည်းဖြည်း
ချေတတ်​လာတာ သူ့ဘဲကြီးအတိုင်းပဲ..."

"ဘာ​ပြောလိုက်​တယ်​.. ."

"ဟင့်​အင်း အိပ်​လို့​ပြောတာ"

တော်​ကြာမှထုထည့်​လိုက်​လို့ ဘုဉ်းပြည့်​​လေးမိန်းမမရဘဲ​သေ​နေပါ့မယ်​။
မကြာခင်​ပင်​ ချယ်​​ရောက်​လာတာမို့ခန့်​ခန့်​လဲ ဆက်​အိပ်​မ​နေဘဲထလိုက်​ရသည်​။ဒါ​ပေမယ့်​ ချယ်​လာမှ​ခေါင်း​မှောက်​ပြီးအိပ်​သွားသူတစ်​ဦးကိုခန့်​ခန့်​နှာ​ခေါင်းရှုံ့ပြီးကြည့်​လိုက်​သည်​။အမြဲအဲလိုပဲ ချယ်​တို့ကိုမ​လေးစားရာ​ရောက်​တယ်​။

"ကဲ ကဲ အားလုံးကိုမိတ်​ဆက်​​ပေးစရာ
လူရှိတယ်​ သားဝင်​ခဲ့​​လေ ......
ကိုယ့်​ဟာကိုယ်​မိတ်​ဆက်​လိုက်​...."

Prominent BOY [[Completed]]Where stories live. Discover now