Pro boy 15

10K 798 12
                                    

Prominent boy(15)

ZAWGYI ::

အ​ချေနဲ့အတူရုပ်​ရှင်​ကြည့်​ရတာဖီးလ်​ကျဲသည်​။သူနဲ့ထက်​သူယူထားတဲ့ထက်​သူခုံမှာခပ်​တည်​တည်​ဝင်​ထိုင်​ပြီးရုပ်တည်ကြီးနဲ့​​။ခန့်​ခန့်​...အ​ချေ...ထက်​သူ...ဘုဉ်းပြည့်​အစဉ်​အတိုင်းထိုင်​ကြသည်​။
ဖြစ်​ချင်​​တော့ ဇာတ်​ကားကDramaနဲ့Comedy​ရောထားသည်​။လက်​ထဲက​ပေါက်​​ပေါက်​ကိုပင်​မစားနိုင်​​လောက်​​အောင်​ဇာတ်​ကားကဆွဲ​ဆောင်​နိုင်​သည်​။
ရယ်​စရာအခန်း​ရောက်​လို့​ဘေးကြည့်​မိ​တော့လဲ ဒီရုပ်​။ကြေကွဲရပြန်​​တော့ကြည့်မိ​လဲဒီရုပ်​။ခန့်​ခန့်​ဆိုတာရုပ်​ရှင်​ကြည့်​ရင်​​ဘေးကလူနဲ့အားရပါးရ​ပြောရင်းကြည့်​ရမှ။ဆို​တော့ကာ သူ့ဦးတည်​ရာကတစ်​ခုံ​ကျော်​ကထက်​သူကို။

"ထက်​သူ...အ​အေး..."

ပေါက်​​ပေါက်​ဘူးကလွဲပြီးဝယ်​လာသမျှကိုထက်​သူဆီ​ပေးထားသည်​မို့ ရှာကြံကာ​လေ​ပေါမိသည်​။

"ထက်​သူ...​ရေဘူး...
ထက်​သူ....အချဉ်​ထုတ်​​လေး...တဆိတ်​လောက်​...
ထက်​သူ ကွာစိ​လေး....
ထက်​သူ..$££€$€€..."

အ​ချေ​ရှေ့ကဖြတ်​ယူရသည်​မို့ သွားသွားကွယ်​​နေမိတာကိုလဲဂရုမစိုက်​အား။

"ဟားဟား...ဒီမင်းသားက​တော့
ပေါက်​​ပေါက်​ရှာရှာကွာ ခြုံထဲက​တောဝက်​ကိုမှ
ဟားဟား......​ရယ်​ရတယ်​​နော်​...
ထက်​သူ......"

"အင်း ဟုတ်​တယ်​....အဟင်း.."

သူတစ်​​ယောက်​ထဲကမ္ဘာပျက်​မတတ်​ဆူညံ​နေတဲ့ခန့်​ခန့်​ကိုရှိန်းကြည့်​မိသည်​။တကယ်​​တော့ဇာတ်​ကားကတကယ်​ရယ်​ရပါသည်​။ဒါ​ပေမယ့်​သူ့​ဘေးကပိစိ​ကောင်​ကပိုဟာသဆန်​သည်​။
မရယ်​မိ​အောင်​နှုတ်​ခမ်းကိုဖိကိုက်​ထားရတာလဲ​ပေါက်​ထွက်​​တော့မည်​။ဒါ​ပေမယ့်​ သူခဏခဏ​ခေါ်​နေတဲ့ထက်​သူဆိုတဲ့စကားကြီးကိုနားကြားပြင်းကတ်​​နေပြီ။

"ထက်​သူ...ငါ..အဲ.."

နောက်​ထပ်​တစ်​ရှူး​လေးလိုချင်​လို့ ​ခေါ်မိပါတယ်​​ဘေးက​မျက်​​ထောင့်​နီနဲ့ကြည့်​​နေသူ​ကြောင့်​စကား​လေး​တွေပြန်​မြိုချရသည်​။

Prominent BOY [[Completed]]Where stories live. Discover now