Pro boy 28

8.4K 666 1
                                    

Prominent boy (28)

ZAWGYI ::

"အီးယား....ကြပ်​တယ်​ "

ရှိန်းရဲ့လက်​​မောင်း​တွေကြားမှာ ​ဆောင်းရာသီကြီး​ချွေး​တွေပျံ​နေရှာတဲ့ခန့်​ခန့်​...။လက်​​မောင်းကမာဆယ်​​တွေမြင်​ပြီးသကာလ..ဖက်​အိပ်​​နေကြလက်​​မောင်းကြီးက ပို​လေးလာသလိုခံစားရ..။

"ရှိန်း...ထပါအုံး ...​လေးတယ်​ဟ..."

ရှိန်းကိုနှိုးရင်း ရှိန်းဖျားတဲ့​ညကသူခုလိုပဲနှိုးခဲ့ရတာကိုသတိရသည်​...။အဲ့အချိန်​က ရှိုင်းဟာသူ့နာမည်​ကိုညည်း​နေခဲ့တာ..။ဘယ်​လိုပဲ​တွေး​တွေး ငါမင်းကိုထားခဲ့ဖို့ဘယ်​လိုမှ မလုပ်​နိုင်​ဘူးရှိန်းရယ်​...။

တူ....
အချိန်​ကိုက်​စွာ....ဝင်​လာတဲ့ဖုန်း...။

"ဟင်​...​မေပါလား...."

ခန့်​ခန့်​ကိုဖုန်း​ခေါ်လာသူသည်​ ​မေဖြစ်​​နေသည်​....။ချက်​ချင်းပင်​ Call answer, ကိုနှိပ်​လိုက်​သည်​....။

"ဟယ်​လို....​မေ..."

📞📞"သား...ခန့်​ခန့်​ မင်းမကြီး...မင်းမကြီး...."

"မကြီး...ဘာဖြစ်​လို့လဲ ​မေ..."

📞📞"အခုချက်​ချင်း...****​ဆေးရုံကိုလာခဲ့...."

"​ဆေး...​ဆေးရုံ မကြီးဘာဖြစ်​လို့လဲ...."

📞📞"သား...သား..**ခန့်​ခန့်​ ​မေးခွန်း​တွေမ​မေးဘဲ..
ခုချက်​ချင်း လာခဲ့ဟင့်​.**...မကြီးက..Sui...Suicide...
လုပ်​...လုပ်​လို့သားသားခန့်​...ဟင့်​...."

"ဗျာ....!!!"

မ​လေးရဲ့​ ငိုသံစွက်တဲ့ေ​အာ်​သံနဲ့အတူ....​မေ့ရဲ့​နောက်​ဆက်​တွဲစကား​ကြောင့်​ခန့်​ခန့်​ ​ပျော့​ခွေသွားသည်​...။မ...မကြီး...မကြီးယုယ..ဆူ..ဆူဆိုက်​လုပ်​တယ်​..ဘာ...ဘာလို့များလဲမကြီးရယ်​...ဟင့်​..။

"ဘာဖြစ်​လို့လဲ ခန့်​ရတု..."

နိုးလာဟန်​ရှိတဲ့ရှိန်းက ခန့်​ခန့်​ကို ​မေးလာသည်​....။

"ငါ့...ငါ့ကိုမင်းကားငှါးပါ...."

"ဘယ်​သွားမလို့လဲ...."

"​မေးမ​နေဘဲ ကား​သော့မြန်​မြန်​​ပေးစမ်းပါ!!"

အသိလွတ်​သူလို​အော်​ဟစ်​လာတဲ့ခန့်​ခန့်​​ကြောင့်​ ကား​သော့ကိုယူ​ပေးလိုက်​သည်​...။ကား​သော့ရတာနဲ့ချက်​ချင်း ​ပြေးထွက်​သွားတဲ့ခန့်​ရတု...။

Prominent BOY [[Completed]]Where stories live. Discover now