Pro boy 7

11.8K 916 5
                                    

Prominent boy (7)

ZAWGYI ::

ကန်​တင်းမှာထိုင်​​နေတဲ့ ​ငွေမှင်​​ရောင်​(Dark Silver)ဆံပင်​​တွေကို နဖူး​ပေါ်ခပ်​အုပ်​အုပ်​ချထားတဲ့​ကောင်​​လေး။ကိုလာဘူးထဲကပိုက်​ကို ငုံ့ကိုက်​ရင်းလက်​တစ်​ဖက်​ကလဲ ဂိမ်းကိုအသည်းအသန်​​ဆော့​နေသည်​။အဝါ​ရောင်​ရှပ်​နဲ့ဂျင်းဂျာကင်တွဲဖက်မှု​​က ​ကြောင်​​တောင်​​တောင်​နိုင်​​ပေမယ့်​ ​သေးညှက်​ညှက်​ထို​ကောင်​​လေးနဲ့ကျ ပနံသင့်​​နေပြန်​သည်​။ငွေမှင်​​ရောင်​ဆံပင်​​တွေကလဲသူနဲ့ကျမှ ကြည့်​​ကောင်းလွန်း​နေသလို။မျက်​ကပ်​မှန်​မီးခိုး​ရောင်​ကလဲ ​ကြောင်​တစ်​​ကောင်​လိုစူးရှပြီးချစ်​စရာ​ကောင်း​နေပြန်​သည်​။

"မင်း ဒူးကိုငြိမ်​ငြိမ်​ထားစမ်းပါ"

ပိုက်​ကိုပါးစပ်​ကမဖြုတ်​ဘဲ ခန့်​ခန့်​ပလုံးပ​ထွေး​ပြောလိုက်​သည်​။

"အဲ့​တော့ငါက မင်းလို​ခြေချိတ်​ထိုင်​ပြီး
ပဲများ​နေရမှာလား..."

"မင်းအမကိုပဲ ပဲများ အရူး​ကောင်
ဘုဉ်းပြည့်​"

"ဒါနဲ့ ခုကတကယ်​ပဲမင်းလား ငါက
လူစားထိုးခံလိုက်​ရတယ်​ထင်​တာ"

ဖြောင်း...
ခန့်​ခန့်​ဘုဉ်းပြည့်​ဇက်​ပိုးကိုရိုက်​ချလိုက်​သည်​။မနက်​ထဲကပြီးကိုမပြီးနိုင်​ဘူး။

"အား ဘာလို့ရိုက်​တာလဲ စိတ်​​လျော့စမ်းပါ
မင်းက လူပုသလို စိတ်​လက်​တစ်​ဆစ်​နဲ့
မမပိုးသားနဲ့များကွာချက်​"

"သူကဘာ​တွေများ​ကောင်း​နေလို့လဲ.."

"မင်းအမက​တော်​​တယ်​​လေကွာ
သူ့​မောင်​ဘဲရုပ်​ဆိုးကို ညချင်း
ငန်းဘဝ​ပြောင်း​ပေးလိုက်​တာသာကြည့်​"

"ခွီး အာ့မိန်းက​လေး​တွေကို​ပြောရတာဟ"

"မင်းကိုအခုဆို ကန်​တင်းတစ်​ခုလုံးအာရုံစိုက်​​နေကြပြီ"

ထိုမှခန့်​ခန့်​မျက်​လုံး​လေးကို​ဝေ့ကြည့်​လိုက်​သည်​။တကယ်​ကြီးပါလား။ကန်တင်းက ​ကျားမမ​ရွေးခန့်​ခန့်​ကိုကြည့်​ပြီးတိုးတိုး တိုးတိုးနဲ့။တစ်​ခါတစ်​ခါ လာလာပြုံးပြ​နေပြန်​သည်​။
အခုမှလူကရှက်​ရမှန်းသိကာပါး​တွေပူလာသည်​။အပြင်​ပန်းဘဲ​ပြောင်းလဲတာ ခန့်​ခန့်​​လေးကအရင်​လူပါပဲ ရှက်​တတ်​ပါတယ်​လို့။

Prominent BOY [[Completed]]Where stories live. Discover now