Pro boy 17

9.2K 751 4
                                    

Prominent boy(17)

ZAWGYI ::

ဗိုက်​ထဲကထိုး​အောင့်​လာသည်​။သူတို့သွင်း​ပေးတဲ့​ဆေး​တွေကဘာ​တွေလဲ။ပါးနှစ်​ဖက်​ကိုဖျစ်​ညစ်​ပြီးပါးစပ်​ကိုအတင်းဟခိုင်းကာတိုက်​​ကျွေးလာတဲ့​ဆေး။

"ငါတို့လုပ်​ရပ်​က ရှိန်း​လောက်​မရက်​စက်​ပါဘူး...
ကျားသားလဲငါတို့မကြိုက်​ဘူး​လေ..ဟဟ...
မင်းကိုသွင်းလိုက်​တဲ့​ဆေးကမူးယစ်​​ဆေးတစ်​မျိုးဘဲ.."

"ခင်​...ခင်​များ...."

"စိတ်​မပူပါနဲ့  တစ်​ခါထဲနဲ့စွဲမသွား​လောက်​ဘူးထင်​တာပဲ...
မင်းနဲနဲ​လေးထုံထိုင်းလာရုံပါ...တိုက်​လိုက်​တာက
စိတ်​ကြွ​ဆေး အဲ့တာ​လေးပဲခံရခက်​မှာ....ခဏ​လေး​နေရင်
မင်းကိုလွှတ်​​ပေးမယ်​..ကြားက​မြေစာပင်​ဖြစ်​သွားရတဲ့အတွက်
စိတ်​မ​ကောင်းပါဘူး....ခန့်​ရတု...."

"ခင်​များ....အား......"

သူဘာဖြစ်​​နေတာလဲ အရမ်းအိပ်​ချင်​​နေ​ပေမယ့်​တစ်​ခုခုကိုလဲ​တောင့်​တ​နေမိသည်​။တစ်​ကိုယ်​လုံးထူပူပြီး ခံရခက်​တယ်​။နာတယ်​။မူး​ဝေလာပြီးလူကသတိလွတ်​ချင်​လာသည်​။

"လွှတ်​​ပေးလိုက်​​တော့.."

သူ့ကိုချည်​ထားတဲ့ကြိုး​တွေကို​ဖြေ​ပေးသည်​နဲ့ဒယီးဒယိုင်​ထကာထွက်​လာခဲ့သည်​။နှစ်​လှမ်းခန့်​လှမ်း​ပြီးပစ်​လဲသွားပြန်​သည်။လူကလဲ​ပေါက်​ကွဲထွက်​​တော့မလိုခံစား​နေရသည်​။နောက်​တကြိမ်​လဲကျသွားပြန်​သည်​။ဒါ​ပေမယ့်​သူပြန်​မထနိုင်​​တော့ပါ။

ဝုန်း...
တံခါး​ဆောင့်​ကန်​ဖွင့်​သံကိုကြားလိုက်​ရ​ပေမယ့်​ခန့်​ခန့်​​ခေါင်းမ​ထောင်​နိုင်​​တော့ပါ။နားထဲမှာ​တော့ဆူညံသံ​တွေကိုကြား​နေရသည်​။နောက်​ဆုံးလူကလုံးဝမဟန်​နိုင်​​တော့။
~
~
~
~
"သတ်​လိုက်​​လေ..."

"မင်းလိုလူအတွက်​ငါ့လက်​​သွေးစွန်းဖို့မတန်​ဘူး ဒါ​ပေမဲ့
တန်​​ကြေးအ​နေနဲ့​​ဆေးရုံမှာနှစ်​နှစ်​​လောက်​သွား​နေလိုက်​..."

လည်​သွားတဲ့​ခေါင်း....ဖြာထွက်​သွားတဲ့​သွေးများနဲ့ တမံအခင်း​ပေါ်ပစ်​ကျသွားတဲ့​ဘေ့​ဘောတုတ်​...။
တစ်​ကိုယ်​လုံးတွန့်​လိမ်​ရင်း​ချွေး​စေး​တွေစီးကျ​နေတဲ့ဖြူ​ဖျော့​ဖျော့​ကောင်​​လေးကို​ကောက်​​ပွေ့လိုက်​သည်​။

Prominent BOY [[Completed]]Место, где живут истории. Откройте их для себя