Pro boy 31

9.2K 723 24
                                    

Prominent boy (31)

ZAWGYI ::

ဒရာမာ​တွေထဲက ​ခေါက်​ရိုးကျိုး​နေတဲ့ တရား​သေစည်း​ဘောင်​​တွေလို ကိုယ့်​ဘဝကလဲ အခုလိုခပ်​​ကြောင်​​ကြောင်​ဇာတ်​ညွှန်း​တွေ​ရောပါလာလိမ့်​မယ်​လို့ တစ်​ခါမှမ​တွေးခဲ့ဖူးဘူး.....။ကံဇာတ်​ဆရာက​တော့​နောက်​ပြီ​....။
.
.
.

"ရှိန်း​ရေ....လွမ်းလှပြီ...အဟင့်​...."

"နားညည်းတယ်​ခန့်​ခန့်​ရာ....မင်း​ကြောင့်​ငါအရမ်းရှက်​​နေပြီ
အခု ထက်​သူမျက်​နှာကိုဘယ်​လိုကြည့်​ရ​တော့မလဲ...."

ဘေးမှာ ကင်းမွန်​​ခြောက်​ကိုကိုက်​​နေတဲ့ ထက်​သူကိုကြည့်​ပြီး ဘုဉ်းပြည့်​​ပြောလိုက်​တယ်​.....။မ​နေ့တစ်​​နေ့ကမှUSကပြန်​လာတဲ့ထက်​သူနဲ့သူ့ကို တိုက်​ခန်းလိပ်​စာ​ပေးပြီး....လိုက်​လာခိုင်းတဲ့ရှိန်း....။Idolကြီးဆို​တော့လဲ ဝမ်းသာအားရသွားမိမှငါးပါး​မှောက်​​ရော.....။ပုလင်း​ထောင်​ကြတယ်​တဲ့.....။

"ရတုရာ....ကိုယ့်​မှာမင်းကိုချစ်​လိုက်​ရတာ....
မင်းက​တော့ ​သောက်​ကျင့်​မ​ကောင်းတဲ့...ကိုယ့်​တူရှိန်းကိုမှ
သဲသဲလှုပ်​....ကိုယ်​အသဲကွဲတာ​ပေါ့....."

Oh Shit....ဘုဉ်းပြည့်ပါးစပ်​ကခပ်​ရိုင်းရိုင်းအဆဲ​လေး​တွေ ထွက်​သွားတယ်​....။ထက်​သူကပါ ထ​ဖောက်​ပြန်​ပြီ....။

"ရှိန်း......ငါ့ဆီကိုအခုလာခဲ့ပါ...."

"ကိုယ်​လာ​နေပါပြီ...​ရောက်​​တော့မယ်​...."

"မြန်​မြန်​လာ ငါတို့မ​တွေ့ရတာဘယ်​​လောက်​ကြာ​နေပြီလဲ....."

ဖြန်း....
ဘုဉ်းပြည့်​ခန့်​ခန့်​ရဲ့​ခေါင်းကိုအားရပါးရတီးချလိုက်​တယ်​.....။ဘီယာကုန်​လို့သွားဝယ်​တာကို နှစ်​တစ်​ရာမ​တွေ့ရတဲ့လူ​တွေလိုငိုပြ​နေလိုက်​တာ....။ရှိန်းကလဲအထူးအဆန်းချိုချိုသာသာ​တွေ....။

"ပြန်​လာ​တော့မှာပါကွ...မင်းလင်​ကိုဘယ်​သူမှ
ဆွဲမသွားဘူး......"

Vd call​ခေါ်​နေတာကိုEndလုပ်​ရင်း ခန့်​ခန့်​ကဘုဉ်းပြည့်​ကို​စွေ​စောင်း​လေးကြည့်​လာတယ်​.....။

Prominent BOY [[Completed]]Where stories live. Discover now