Pro boy 9

11.1K 887 4
                                    

Prominent boy (9)

ZAWGYI ::

"ဝါး..ဘယ်​လို​တောင်​သာယာလိုက်​တဲ့
နေ့​လေးလဲ"

အ​ကြော​လေးဆန့်​ပြီးမနက်​ခင်း​လေကိုအပြည့်​အဝရှူသွင်း​နေတဲ့ခန့်​ခန့်​။

"ဘာမှလဲလုပ်​စရာမရှိဘူး animeထိုင်​ကြည့်​မှ"

စက်​ဘီးစီးသင်​​ပေးမယ်​ဆိုတဲ့ဘုဉ်းပြည့်​ကသူခုတွဲ​နေတဲ့​ကောင်​မ​လေးနဲ့ ရုပ်​ရှင်​သွားကြည့်​မယ်​ဆိုပြီး ​ပေါ်မလာ​တော့လဲ အလုပ်​မရှိအကိုင်​မရှိပျင်း​နေ​ရော။
စက်​ဘီးစီးဘာလို့သင်​လဲဟုတ်​လား။ရှင်းပါတယ်​ အရင်​တစ်​ခါလိုဘုဉ်းပြည့်​လာမကြိုနိုင်​တာတို့ ဘာတို့နဲ့ကြုံလာရင်​ မ​လေးကလဲမ​ခေါ်​တော့ ဒုက္ခ​ရောက်​တယ်​။ဘတ်​စ်​တိုးစီးရတယ်​။ဒါ​ပေမယ့်​ အာ့​တွေကမဆိုး​သေးပါဘူး။အရင်​လိုအ​ချေနဲ့တိုးပြီး သူ့ကားနဲ့လိုက်​ဖို့အတင်း​ခေါ်ရင်​ ​နောက်​တစ်​ကြိမ်​ဆို ခန့်​ခန့်​အသက်​ပါထွက်​မှာ။

"သားသားခန့်​ ​မေနဲ့​ဖေတို့ ဘွားတို့ဆီသွားမို့
နေမ​ကောင်းဘူးတဲ့.... ​တစ်​ညအိပ်​ပါပဲ"

မေကအနား​ရောက်​လာပြီးခွင့်​​တောင်းသလို​ပြောသည်​။

"ရပါတယ်​.. သွားကြ​လေ.."

"အင်း ဒါ​ပေမဲ့ မ​လေးပါ​ခေါ်သွားရမှာ...
မကြီးကလဲ သူ့ပြိုင်​ပွဲအတွက်​ခရီးထွက်​သွားတယ်
သားသားတစ်​​ယောက်​ထဲ ဖြစ်​ပါ့မလား"

"အင်း အဲ့တာက ရပါတယ်​ သားက​ယောက်ျား​လေးပဲ"

ကြောက်​​ပေမယ့်​ ​ယောက်ျားကွဆိုတဲ့စိတ်​​လေးနဲ့ ​ပြောလိုက်​သည်​။

"အင်း သားသားကို​ခေါ်ချင်​ပါတယ်
အိမ်​မှာလူမရှိလို့လဲမဖြစ်​ဘူး​လေ....
အဲလိုမှန်းသိအိမ်​အကူငှါးထားပါတယ်​ကွယ်​"

"စိတ်​ပူမ​နေပါနဲ့ ​မေရာ...သူ့ဘာသူ
အ​ဖော်​​ခေါ် အိပ်​လိမ့်​မယ်​..."

"ဘုဉ်းပြည့်​လား ​အဲ့​ကောင်​လားအားကိုးရမှာ"

မ​လေးစကားကိုအမြင်​ကတ်​ကတ်​ရွဲ့​ပေးလိုက်​သည်​။ဘုဉ်းပြည့်​ဆီကသိရပြီးပြီ။သူနဲ့ရှိန်းကိစ္စကိုမ​လေး ဘုဉ်းပြည့်​ဆီကသိသွားတာတဲ့​လေ။အဲ့နှာဘူးဟာ​လေ သူဖွန်​ဖို့ဆို သူငယ်​ချင်းကိုကအစထိုး​ကျွေးတဲ့ဟာမျိုး။

Prominent BOY [[Completed]]Where stories live. Discover now