Pro boy 19

9.2K 724 7
                                    

Prominent boy(19)

ZAWGYI ::

စားပွဲ​ပေါ်ကစပါကတီကိုကြည့်​ရင်း​ကျေနပ်​သွားသည်​..။ဒီ​လောက်​ဆို ​ကောင်​စုတ်​​လေး​ကျေနပ်​​လောက်​ပါရဲ့...။အဲလိုမလုပ်​ချင်​​ပေမယ့်​...သူ့အနားကထွက်​သွားဖို့ကြိုးစား​နေတာကို..ခွင့်​မပြုနိုင်​ပါ​လေ...။
စိတ်​မ​ကောင်း​ပေမယ့်​...ငါကငါ့စကား​တွေနဲ့အသားကျ​နေမှကြိုက်​တာမို့ပါခန့်​ရတု...။မင်းကငါ့ဆီကလွတ်​​မြောက်​ဖို့ကြိုးစား​လေ..ငါကမင်းကိုထွက်​သွားခွင့်​မ​ပေးနိုင်​​လေမို့ပါ...။
သိပ်​တစ်​ကိုယ်​​ကောင်းဆန်​သွားလားမသိ​ပေမယ့်​...ငါမင်းကိုသ​ဘောကျသည်​ဖြစ်​​စေ..မကျသည်​ဖြစ်​​စေ..မင်းက​တော့ ငါ့ကိုပဲသ​ဘောကျ​နေရမယ်​...။မင်းသာဝန်​မခံခဲ့ရင်​...ငါအဲ​လောက်​ထိအတ္တကြီးမိမှာမဟုတ်​ဘူး..။မင်းငါ့စကားသာနား​ထောင်​ပြီး..ငြိမ်​​နေ​ပေး...ငါမင်းကို​ကောင်း​ကောင်းဆက်​ဆံ​ပေးမှာပါ...။

ဒေါက်​...​ဒေါက်​...
တံခါးကို​ခေါက်​လိုက်​​ပေမယ့်​တုန့်​ပြန်​သံမကြားရ...။အခြားလူတစ်​​ယောက်​ကို​လျော့​ပေါ့ပြီး ရိုရိုကျိုးကျိုးဆက်​ဆံတတ်​တာကရှိန်းဆက်​ရဲ့ပုံစံမဟုတ်​ဘူး​လေ...။ဒါ​ကြောင့်​..အသံပြုမ​နေဘဲ​လော့ချမထားတဲ့တံခါးကိုဖွင့်​ပြီး...ဝင်​သွားလိုက်​သည်​...။
အောက်ကိုပြုတ်​ကျ​နေတဲ့​ခေါင်းအုံးကိုမြင်​​တော့ပြုံးမိရင်းကုတင်​​ပေါ်ပြန်​တင်​​ပေးလိုက်​သည်​..။ရေကျသံတိုးတိုးကိုခန့်​ခန့်​အခန်းထဲကကြားရသည်​။တစ်ခါတစ်​လေ ​​ညဘက်​​ရေထချိုးတတ်​တဲ့အကျင့်​ကိုသိထားတာမို့...သိပ်​​တော့ပြဿနာမရှိ...။

"စပါကတီလုပ်​ထားတယ်​...​နောက်​ငါးမိနစ်​​နေလို့မှ..
ထွက်​မလာရင်​....ငါသွန်​ပစ်​မယ်​..."

ဘယ်​အချိန်​ကစရှိန်းဆက်​ စကားကိုရှည်​ရှည်​​ပြောတတ်​သွားလဲတကယ်​ကိုမသိ​တော့ဘူး...။

"အား...​သောက်​ကျင့်​မ​ကောင်းတဲ့​ကောင်​..
အ​ချေ​ကောင်​အရူး...@@$$£€¿$¿**!!...."

ရေချိုးခန်းထဲကဆဲသံပလုံစီ၍ထွက်​လာသည်​...။သွန်​ပစ်​မယ်​ဆိုတဲ့စကား​ကြောင့်​ဆိုတာခန့်​မှန်းကြည့်​စရာပင်​မလို...။ကြည့်​ရတာ​ခေါင်းပါ​လျှော်​​နေတဲ့ပုံပဲ...။မကြာခင်​ပဲ​ဆောင်းဝင်​​တော့မည်​...။ဒီအကျင့်​ကြီးပြင်​​ပေးမှ​တော်​ကာကျမည်​..။

Prominent BOY [[Completed]]Where stories live. Discover now