Pro boy 29

8.5K 681 6
                                    

Prominent boy (29)

ZAWGYI ::

အလုံးတုတ်​တုတ်​အပ်​​ချောင်းက အသားကို​ဖောက်​ပြီး​သွေး​ကြောထဲစီးဝင်​သွားချိန်​ ရှိန်းမျက်​နှာကအ​ကြော​တွေခဏတာလှုပ်​ရှားသွားသည်​...။
သွေး​တွေ အ​ကြောတစ်​​လျှောက်​ဖြတ်​စီးသွားတာကိုခံစားလို့ရ​နေသည်​...။ခန့်​ရတုရဲ့မျက်​နှာ​လေးကိုမြင်​မိတိုင်း သက်​ပြင်းကိုသာချမိသည်​...။ဘယ်​​လောက်​ထိပင်​ပန်း​နေခဲ့မလဲ​...။
ကိုယ့်​ကိုထားမသွားတာပဲ အရမ်း​ကျေးဇူးတင်​ပါတယ်​.....။ပုံမှန်​တစ်​အိတ်​သာထုတ်​​လေ့ရှိတဲ့​သွေး​တွေကိုနှစ်​အိတ်​စာထုတ်​ပြီး​နောက်​ ရှိန်းဖြူ​ဖျော့ပြီးအားအင်​​တွေယုတ်​​လျော့သွားသည်​....။

"ရှိန်း...."

Operation အခန်းဘက်​ကိုပြန်​သွား​တော့ ခန့်​ခန့်​ကသူ့အနား​ပြေးလာကာ....လက်​​မောင်းကိုတွဲသည်​...။ပင်​ပန်းမှု​တွေကိုသူ​လေးမသိ​စေချင်​တာမို့ရှိန်း ပြုံးပြလိုက်​သည်​....။

"အရမ်းပင်​ပန်း​နေတာလား....သူတို့က​သွေး​တွေ
ဘယ်​​လောက်​ထိထုတ်​လိုက်​လို့....နှုတ်​ခမ်း​တွေက
ဒီလိုဖြူဖတ်​​နေတာလဲ..ဟင့်​...ဒါ​ကြောင့်​....ငါပဲ...
သွေးထုတ်​မယ်​​ပြောတာကို......ဟင့်​...ဟီး..."

"ရှူး...မင်းအသံကြားကတာနားငြီးလိုက်​တာ....
ငြိမ်​ငြိမ်​​လေး​နေ......."

ဆွဲဖက်​ရင်း ခပ်​တိုးတိုးကပ်​​ပြော​တော့ သူ့ရင်​ဘတ်​ကိုထုပစ်​သည်​မှာ သူမခံရတိုင်း....ခန့်​ရတုရဲ့မိဘ​တွေကိုပြုံးပြရင်း ရင်​ခွင်​ထဲကဖယ်​ကာ မျက်​ရည်​​တွေကိုခပ်​ဖွဖွသုတ်​​ပေးလိုက်​သည်​.....။
အ​ချေလဲအခုမှ အထူးအဆန်း​တွေချည်းလုပ်​​နေရပါလား.....။

"ကိုယ်​အပြင်​ခဏသွားမယ်​....ဒီမှာပဲ​နေပြီးဘယ်​မှမသွားနဲ့​နော်​"

"ဟင့်​...ဘယ်​သွားမလို့လဲ ငါပါလိုက်​မယ်​...
မင်းကဖြင့်​...လဲကျ​တော့မလိုပုံနဲ့...."

"ခန့်​ရတု ကိုယ့်​စကားနား​ထောင်​စမ်း....မကြီးဆီ
လာတယ်​ဆိုတာမင်းမ​မေ့နဲ့ မကြီးနိုးလာတဲ့အချိန်
မင်းက...​ဘေးမှာရှိ​နေ​ပေးရမယ်​​လေ......."

Prominent BOY [[Completed]]Where stories live. Discover now