Pro boy 3

13.9K 1.1K 2
                                    

Zawgyi

"ထိပ်​ထားဗိုက်​ဆာ​နေပြီ ကန်​တင်းသွားရ​အောင်​"

"ရတယ်​​လေ..."

ပီး​တော့လက်​ချင်းချိတ်​ရင်းထွက်​သွားကြတဲ့ရှိန်းနဲ့ထိပ်ထား​​။ခန့်​ခန့်​ရင်​ထဲရှင်းရှင်းကြီးကျန်​ခဲ့တယ်​။ဟာတာမဟုတ်​ဘူး ရှင်းတာ။သူတို့ပြန်​အဆင်​​ပြေသွားရင်​ ခန့်​ခန့်​​လေးအရင်​လို​အေး​ဆေးပြန်​ဖြစ်​ပြီ။နည်းနည်း​ဝေးမှပြန်​လှည့်​လာတဲ့အ​ချေ​။

"မလိုက်​ဘူးလား"တဲ့....​ရေခဲတိုက်​ထဲကထွက်​လာတဲ့အသံနဲ့။

"ဟို ဘုဉ်းပြည့်​နဲ့ပဲ သွားလိုက်​မယ်​"

"ပြီးတာပဲ "

တစ်​ခွန်းထဲ​ပြောပြီးပြန်​ထွက်​သွားတယ်​။အေး​ရော။

ဖုန်း...

"အမ​လေး!!!!"

ကျောကိုအားနဲ့အ​ဆော်​ခံလိုက်​ရတာမို့မျက်​နှာ​လေးမဲ့ရင်း​အော်​မိသလို အလန့်​တကြားလှည့်​ကြည့်​မိပြီးသား။
တရားခံက ​ပြောင်​စပ်​စပ်​အခွက်​နဲ့ ​ဒေါင်းစားဘုဉ်းပြည့်​။လန့်သွားတာပဲ ဟိုအ​ချေ​ကောင်ရဲ့ဖန်​​တွေမှတ်​လို့။တော်​ပါ​သေးရဲ့။

"ဟားဟား အမ​လေးတဲ့
လန့်တာကလဲ ​မိန်းက​လေးအတိုင်းပဲ"

"__မို့ရိုက်​တာလားဟ"

"​ကြေကွဲသွားတာလား မင်းရည်းစားကြီးက
သူ့အရင်​ရည်းစား​ဟောင်းနဲ့ ထွက်​​သွား​တော့..."

"သွားစမ်းပါကွာ အစထဲကသူက
တမင်​ငါ့ကို လက်​စား​ချေချင်​လို့
ပြဿနာရှာတာ...."

"ဘာလို့အဲလို​ပြောတာလဲ"

"ငါ..သူ့ဖုန်းကိုခွဲလိုက်​မိတယ်​"

"တကယ်​ကြီး မင်း​တော့ပြဿနာရှာလိုက်​တာပဲ"

"ဟူး ဒါ​ကြောင့်​အခုငါပြန်​လက်​စား​ချေခံရတာ​ပေါ့ကွ"

"ဘာဆိုင်​လို့လဲ "

"သူကငါနဲ့တွဲ​နေပါတယ်​လို့​ပြောလိုက်​​တော့
သူ့ဖန်​​လေး​တွေ​ပေါက်​ကွဲပြီး ​ဒေါသ
ငါ့ဘက်​​ရောက်​လာ​အောင်​လှည့်​​ပေးလိုက်​တာ​ပေါ့"

Prominent BOY [[Completed]]Where stories live. Discover now