Pro boy 26

9.7K 742 7
                                    

Prominent boy (26)

ZAWGYI ::

ဘုဉ်းပြည့်​တစ်​​ယောက်​ ​မောကြီးပန်းကြီးတဲ့စာသင်​ခန်းထဲ​ပြေးဝင်​လာတယ်​။ရှိန်းကိုင်​ထားတဲ့ခုံ​အောက်​ကလက်​ကို ဆွဲဖြုတ်​ရင်းကိုယ့်​ခုံကိုကိုယ်​သွားလို့တိုးတိုးကပ်​​ပြော​ပေမယ့်​ လုပ်​လိုက်​တဲ့အပြုအမူ​ကြောင့်​ ခန့်​ခန့်​ဆွံ့အသွားသလို အခန်းထဲကလူ​တွေရဲ့Wooဆိုတဲ့အသံက အကျယ်​ကြီးရယ်​...။
ကောင်​မ​လေးသုံး​လေး​ယောက်​​လောက်​ကလဲ ဓာတ်​ပုံတဖြတ်​ဖြတ်​နဲ့။ဘုဉ်းပြည့်​လဲ​ကြောင်​​တောင်​​တောင်​​လေးရပ်​​နေရတယ်​...။သူ့​နေရာကဖယ်​​ပေးဖို့​ပြောရမလား..ဒီ​နေရာမှာပဲရပ်​​နေရမလား ​နောက်​ပဲပြန်​လှည့်​ရမလား ခန့်​ခန့်​ပုခုံးကိုဖက်​ထားတဲ့ရှိန်းရဲ့လက်​ကိုဆွဲဖယ်​ရမလား မသဲကွဲဘူး...။

"ရှိန်း...ဘယ်​လိုဖြစ်​​နေတာလဲ...လာ​လေဘုဉ်းပြည့်​..
မင်းလဲကိုယ့်​​နေရာကိုယ်​သွား​တော့...ရှိန်းဆက်​.."

"မသွားဘူး....မင်း ...ဟိုမှာထိုင်​လိုက်​..."

ဘုဉ်းပြည့်​ကိုသူ့​နေရာမှာထိုင်​ဖို့​တောင်​​ပြောလိုက်​​သေး...။

"ငါ ခန့်​ခန့်​နဲ့စကားခဏ​ပြောလို့ရမလားရှိန်း"

"​ပြော...ရတယ်​ သူ့ကိုခွင့်​​တောင်းစရာမလိုပါဘူး"

ခန့်​ခန့်​ မျက်​နှာ​လေးကို​မော့ပြီး​ပြောလိုက်​တယ်​...။အ​ချေကမ​ကျေမနပ်​ဖြစ်​​နေ​ပေမယ့်​ ဘာမှဝင်​မ​ပြော။အဟင်း ခန့်​ခန့်​power!!။
ရှေ့ခုံမှာဝင်​ထိုင်​ရင်း မျက်​နှာငယ်​​လေးနဲ့ဘုဉ်းပြည့်​က သူ့ကိုကြည့်​​နေတယ်​။သူအားနာ​နေမှာ ခန့်​ခန့်​နားလည်​ပါတယ်​...။

"ရှိန်း...ငါဗိုက်​ဆာလို့ ပဲပူတင်းစားချင်​တယ်​..​နော်​"

စိတ်​ထဲမှာ ကိုယ့်​ပါးကိုဆယ်​ခါပြန်​ရိုက်​ရင်း ခန့်​ခန့်​ရှိန်းကို​ပြောလိုက်​တယ်​..။သူ့အသံကဘုဉ်းပြည့်​ကို အန်​​ချင်​​စေမလားမသိ​ပေမယ့်​ အ​ချေပြုံးလိုက်​​တာ​တော့မြင်​လိုက်​တယ်​။
ဘုဉ်းပြည့်​ ​ပြောရခက်​​နေပုံ​ကြောင့်​ပထုတ်​လိုက်​ခြင်းပါ...။

Prominent BOY [[Completed]]Where stories live. Discover now