Pro boy 24

9.1K 760 13
                                    

Prominent boy(24)

ZAWGYI ::

မျက်​နှာ​ပေါ်ကညိုမဲစွဲ​နေတာကို ကြည့်​ပြီးခန့်​ခန့်​စိတ်​မ​ကောင်းစွာသက်​ပြင်းချလိုက်​သည်​။အဲ့အ​ချေဟာ​လေ သူထင်​ရာဆွဲ​တွေးပြီးစွတ်​လုပ်​တာပဲ။ခု​တော့ထက်​သူမှာ ဒဏ်​ရာ​တွေနဲ့။

"အ....နာ...တယ်​...ရတုရ...ကိုယ့်​ကိုသတ်​​နေတာလား"

"ဟာ...​ဆောရီး...​ဆောရီး...အ​တွေးလွန်​​နေလို့..ဟီး...."

အနားလာပြီးနှုတ်​ခမ်း​တွေကိုစုချွန်​ကာ ​လေနဲ့တဖူးဖူးမှုတ်​​ပေး​နေသည်​ကို ကြည့်​ရင်းထက်​သူမျက်​နှာလွှဲလိုက်​သည်​။ကြာရင်​ဘာဖြစ်​မလဲ သူမသိနိုင်။

"ဟင်​ ဘာဖြစ်​လို့လဲ ထက်​သူ..."

"အင်း..ကိုယ်​သက်​သာပြီ...."

"​တော်​​သေးတာ​ပေါ့...ငါကပဲရှိန်းအစား......
တောင်းပန်​တယ်​​နော်​ထက်​သူ...သူ့ကိုမမုန်းပါနဲ့...."

"သူ့ကိုမုန်းမှာ အဲ​လောက်​​ကြောက်​လား...."

"အဟင်း...."

သူ့အ​မေး​ကြောင့်​ရတုကမချိပြုံး​လေးပြုံးပြသည်​။သူပင်​ ရတုရဲ့ပုံစံ​လေး​ကြောင့်​ရယ်​မိသည်​။မင်းကံ​ကောင်းတယ်​ရှိန်းဆက်။မ​င်းကိုဒီလိုဖြူစင်​တဲ့​ကောင်​​လေးကအရမ်းချစ်​တာ​လေ။

"တကယ်​​တော့.....ရှိန်းကအဲ​လောက်​လဲမဆိုးပါဘူး..
အတူ​နေ​ကြည့်​ရင်​...သူကအရမ်း​ကောင်းတဲ့လူပါ...."

"ဟုတ်​ပါပြီကွာ....ကိုယ်​ရှိန်းကို စိတ်​မဆိုးပါဘူး"

"ဒါနဲ့​လေထက်​သူ.....ရှိန်း​ပြောတာ​လေ...
ဟွာ.....အဲ့တာ....ဘာ​ပြောချင်​တာလဲ.. "

"အာ.....အဲတာကလား...ဟို..​ပြောဖို့ကနဲနဲ..."

"ထက်​သူအဆင်​မ​ပြေရင်​ မ​ပြောပါနဲ့....ဒီအတိုင်း..
ငါမသိတဲ့ဘာ​တွေရှိ​သေးလဲသိချင်​ရုံပါ....."

"​ပြောပြပါ့မယ်​...​ပြောပြတာထက်​ရင်​ဖွင့်​တာဆိုပိုမှန်​မလား
ကိုယ်​တစ်​​ယောက်​​ယောက်​ကိုရင်​ဖွင့်​ချင်​ခဲ့တာ...
ဒါ​ပေမဲ့ ရှိန်းကို​တော့ သွားမ​ပြောပါနဲ့.....
တကယ်​​တော့ ကိုယ်​ကရှိန်းရဲ့ဦးငယ်​ပါ.....သူက​တော့
အ​ဖေတူအ​မေကွဲအကိုလို့ပဲ...သိထားတယ်​.....
..................."

Prominent BOY [[Completed]]Where stories live. Discover now