Pro boy 4

12.9K 1K 4
                                    

Zawgyi

"မင်း ဖယ်​စမ်း "

မ​လေးကိုဆွဲဖယ်​လိုက်​တဲ့လူတစ်​ဦး။
အ​ချေ​ကောင်​ကြီး။
မ​လေးက​တော့အားကြီးနဲ့အဖယ်​ခံလိုက်​ရတာ​ကြောင့်​ ​ဘေးကိုဘုတ်​ဆို​ရောက်​သွားသည်​။
အဲ့လူဘာလုပ်​တာလဲ။နောက်​မှာလဲထိပ်​ထားကပ်​ပါလာတာကို။

အစကအံ့သြ​နေပြီးမှ ရုတ်​တရက်​ဘလင်းဘလင်းဖြစ်​လာတဲ့မ​လေးမျက်​လုံး​တွေ။သိတယ်​သိတယ်​ ငမ်း​ကြောထ​နေတာ။ဖြည်းဖြည်းလဲငမ်းပါမ​လေးရာ မျက်​လုံးကြီးကျွတ်​ထွက်​ပြီး သွားမှန်​ပါအုံးမယ်​။

"ဒီအချိန်​ကြီးဘယ်​လိုလုပ်​အပြင်​​ရောက်​​နေတာလဲ"

မေးလာတာကအ​သေ​ကောင်​ရုပ်​နဲ့။

"ငါ..."

"မိုးချုပ်​​နေတာမသိဘူးလား"

"ငါ..."

"မင်းကိုယ်​မင်း ဘာများထင်​​နေလဲ
မဟုတ်​တာ​တွေဆွဲလုပ်​ခံ​နေရမှ"

တဆိတ်​​လောက်​။သူလွန်​လာပြီလို့မထင်​ဘူးလား။ခန့်​ခန့်​ကိုမိန်းက​လေးထင်​​နေလား ။ည​နေမကလို့ ညဘက်​ထွက်​ထွက်​ ဘာဂရုစိုက်​စရာလိုတာမို့လဲ။

"ငါ..ငါက ​ယောက်ျား​လေးပါ"

"ဟယ်​ ခန့်​ခန့်​​လေး နင်​ကရှိန်းနဲ့
သိ​နေတာလား..."

"သူကဘယ်​သူလဲ "

မ​လေးကိုဂရုမစိုက်​ဘဲ​မျက်​ခုံးကြီးရှုံ့ပြီး​မေးလာတာကအသဲ​အေးချင်​စရာ။

"ငါ့..ငါ့အမ...ပိုးသားဖြူတဲ့...."

"အဲလိုလား "

ပြီးမှဘာမှမ​ပြောဘဲတိတ်​ဆိတ်​သွားသည်​။
အခုမှ​အူ​ကြောင်​​ကြောင်​အ​ခြေအ​နေ။

"ဟယ်​လို ခန့်​ရတု ​တွေ့ကြပြန်​ပြီ "

"အာ ဟုတ်​ကဲ့ပါ ထိပ်​ထား"

ထိပ်​ထားကအ​ခြေအ​နေကိုထိန်းသလိုဝင်​​ပြောသည်​။

"ရှိန်း ပြန်​မယ်​​လေကွာ ​နောက်​ကျ​နေပြီ"

"ခဏ​လေး ....ခန့်​ရတု မင်းတို့ဘာနဲ့လာတာလဲ"

ထိပ်​ထားကို​စောင့်​ခိုင်းထားပြီးဘာလုပ်​ပြန်​​တော့မှာလဲ။

Prominent BOY [[Completed]]Where stories live. Discover now