Pro boy 11

10.8K 812 2
                                    

Prominent boy (11)

ZAWGYI ::

ရီ​ဝေ​ဝေနဲ့ခန့်​ခန့်​နိုးလာသည်​။သတိရသည်​နဲ့ ကြုံခဲ့ရတဲ့အဖြစ်​အပျက်​​တွေ​ကြောင့်​ ချက်​ချင်းထထိုင်​​တော့ တစ်​ကိုယ်​လုံးကိုက်​ခဲ​နေတာများ မြင်​မ​ကောင်း။
လက်​ဖျံဆီက စစ်​ခနဲနာကျင်​မှု​ကြောင့်​သတိမူမိချိန်​မှာ သူက​ဆေးသွင်းခံထားရသည်​။ဘာ​တွေဖြစ်​ခဲ့တာလဲ။ဘာမှမမှတ်​မိ​တော့ဘူး။
မဟုတ်​မှ သူအဲ့လူဆီကအ​စော်​ကားခံလိုက်​ရတာ​တော့မဟုတ်​ပါဘူး​နော်​။အရွယ်​​ရောက်​ပြီးသားလူတစ်​​ယောက်​အတွက်​ ဘာ​တွေဖြစ်​တယ်​ဆိုတာကိုလွယ်​လွယ်​သိနိုင်​​ပေမယ့်​ အင်​နိုးဆန့်​​လေးခန့်​ခန့်​က​တော့ဘာမှမခန့်​မှန်းတတ်​ပါ​လေ။
သူက​တော့သူ့ဘဝမသန့်​ရှင်း​တော့ဘူးသာတစ်​ထစ်​ချ​တွေးပစ်​လိုက်​ပြီ။ဘယ်​လိုဖြစ်​ရင်​ ဘာဖြစ်​တတ်​တာလဲသိမှမသိတာပဲကို။ချက်​ချင်းပင်​လက်​က​ဆေးသွင်းထားတာကိုဆွဲဖြုတ်​လိုက်​သည်​။

"အား..."

ရင်​ဘတ်​ဆီကစပ်​ဖျင်းဖျင်းအထိအ​တွေ့​ကြောင့်​ မြန်​မြန်​ကြည့်​မိ​တော့ ပတ်​တီး​တွေနဲ့။ဘာလဲ ဒါ​တွေပါစည်းရတဲ့အထိဘာ​တွေဖြစ်​ခဲ့တာလဲ သူတကယ်​ပဲဘဝပျက်​သွားပြီလား။တွေးရင်းခန့်​ခန့်​ငိုမဲ့မဲ့​လေးဖြစ်​လာသည်​။ကုတ်​ခြစ်​ရာ​တွေကို ပိုပြီးပတ်​တီးကြီးကြီးစည်းထားတာ​တော့ခန့်​ခန့်​မသိပါ​လေ။

"ဟင်​..မှန်​..."

ကုတင်​​ပေါ်ကထပြီး​လျှောက်​သွားချိန်​မှမှန်​ကိုမြင်​မိသည်​။ဒါဆိုဒါက​ဆေးရုံ​တော့မဟုတ်​ဘူးပဲ။ပေါင်​လယ်​​လောက်​ထိပဲရှိတဲ့ ရှပ်​အပြာနု​လေးတစ်​ထည်​ထဲဝတ်​ထားတဲ့အ​ခြေအ​နေက ​ဆေးရုံဝတ်​စုံနဲ့အကွာကြီးကွာ​နေတာကို ခန့်​ခန့်​မကွဲပြားတာလား။

"ဒါ...ဒါ​တွေက...ဟင့်​...ဟီး...ဟီး.."

လည်​ပင်းဆီကအကွက်​​တွေမြင်​ပြီး ထငိုတဲ့ခန့်​ခန့်​။ဒါ ဟို​ကောင်​ဘုဉ်းပြည့်​​ပြော​နေကြ ဘာbiteဆိုလား။သိတယ်​သိတယ်​...ဟင့်​။

"ကျက်​သ​ရေတုံးတယ်​ ငိုမ​နေနဲ့"

အသံလာရာဆီသိုင်းကွက်​အသင့်​ပြင်​ရင်းလှည့်​ကြည့်​လိုက်​​တော့ရှိန်း။သူကဘယ်​လို​ရောက်​​နေတာလဲ။

Prominent BOY [[Completed]]Where stories live. Discover now