Pro boy 16

9.3K 765 4
                                    

Prominent boy(16)

ZAWGYI ::

"​ကျေးဇူးပါပဲ ထက်​သူ..."

"အင်း ဂရုစိုက်​​နော်​"

ဖျော့​တော့​တော့ ​ကျောပြင်​ကိုကြည့်​ရင်းမင်းထက်​သူသက်​ပြင်းချမိသည်​။မင်း​တောင်​ချစ်​တတ်​​နေပြီပဲရတု။ထိုအ​တွေးကရင်​ဘတ်​ကို​အောင့်​တက်​​စေသည်​။
ပထမဆုံး​ကျောင်းတက်​ရက်​ ​ကြောင်​မျက်​လုံး​လေး​တွေနဲ့ ​ကောင်​​သေး​လေးကိုသူစတင်​သတိထားမိသည်​။သူ့မိခင်​နဲ့ဖုန်း​ပြော​နေပုံက တကယ့်​က​လေးပိဘိ​လေးလို။
အရမ်း​ချောလွန်းထင်းလွန်းမ​နေ​ပေမယ့်​ ​ကောင်​​လေးရဲ့အပြုအမူတစ်​ခုချင်းစီက ဆွဲ​ဆောင်​မှုတစ်​ခုဖြစ်​​နေသည်​။ထိုအချိန်​ကတကယ်​ဘုရားစူး စိတ်​ဝင်​စားရုံအပြင်​မပိုခဲ့။နောက်​ပိုင်း သူအမြင်​မကြည်​သူရဲ့သက်​ဆိုင်​သူဆိုတာသိတဲ့​နောက်​ ထို​ကောင်​​လေးကို​ဘေးက လုယူချင်​လာသည်​။
အမှန်ကိုမသိဘဲ ​အ​မေ့ကို​စော်​ကားတဲ့စကားတစ်​ခွန်းထွက်​တိုင်း ထိုအပြစ်​မဲ့​ကောင်​​လေးကိုသာ ဖျက်​ဆီးချင်​စိတ်​​တွေဖြစ်​လာသည်​။ဒါ​ကြောင့်​လဲ သူရင်းနှီး​အောင်​ကြိုးစားခဲ့သည်​။ဒါ​ပေမယ့်​...ဒါ​ပေမဲ့ သူကိုယ်​တိုင်​ကျရှုံးခဲ့ပြီ။အမုန်း​ကြောင့်​ စတင်​ခဲ့သမျှ အချစ်​ဆိုတဲ့မာယာ​ထောင်​​ချောက်​မှာသူပိတ်​ခဲ့သည်​။
ကိုယ့်​အ​မေကမယုတ်​မာခဲ့ဘူး။ဒါကိုသူ့ညီ...ဒါမှမဟုတ်​ တူလို့ပဲ​ပြောရမလား...ထိုရှိန်းဆက်​တစ်​​ယောက်​သိမှာမဟုတ်​။ဘာပဲဖြစ်​ဖြစ်​ ရတု။ကိုယ်​မင်းကိုရ​အောင်​ယူမှာ။ဘာလို့ဆို ကိုယ်​ကရှိန်းဆက်​​ပြောသလို အ​မေတူသားမို့။

___________________________Prominent

"ဘာလို့ပြန်​မလာ​သေးတာလဲ...ဘာလို့လဲ "

တိုက်​​အောက်​ကိုမကြာခဏကြည့်​​နေမိ​ပေမယ့်​ရှိန်းကပြန်​မလာ....သူဗိုက်​အရမ်းဆာ​နေပြီ။စားမယ်​ဆိုမှဝယ်​လာပြီးချက်​တတ်​တဲ့ရှိန်း​ကြောင့်​​ရေခဲ​သေတ္တာထဲမှာ​ခေါက်​ဆွဲ​ခြောက်​​လေး​တောင်​မရှိ။အပြင်​ကိုလဲညဘက်​မထွက်​ရဆိုတဲ့စကား​ကြောင့်​ဗိုက်​ထဲကတကြုတ်​ကြုတ်​အသံ​လေးကိုသာလျစ်​လျူရှု​နေရသည်။လွမ်းတယ်​အ​ချေ​ရေ ဗိုက်​ဆာတယ်​လို့ပြန်​လာပါ​တော့။

Prominent BOY [[Completed]]Onde as histórias ganham vida. Descobre agora