Pro boy 25

9.3K 840 9
                                    

Prominent boy(25)

ZAWGYI ::

"ရှိန်းငါ​ကြောက်​တယ်​..."

သူ့ကို​မော့ကြည့်​ရင်းဆိုလာတဲ့ ခန့်​ရတု။ခေါင်​လုံးလုံး​လေးကိုကစားရင်းဆံပင်​​တွေထဲနှာ​ခေါင်းနှစ်​ကာ ရှန်​ပူနံ့သင်းသင်းကိုရှူမိသည်​။

"အင်​...ဘာကိုတုန်း....."

"မင်းရဲ့ဘိုးကို​လေ..."

ဆိုဖာ​ပေါ်မှာနှစ်​​ယောက်​သားပူးပူးကပ်​ကပ်​ထိုင်​​နေရင်း ရှိန်းဆက်​တစ်​​ယောက်​ခန့်​ရတုကို သူ့ရင်​ခွင်​ထဲဆွဲဖက်​ကာထည့်​ထားသည်​။
ချစ်​တယ်​ဆိုတာ ဝန်​ခံပြီး​နောက်​ပိုင်းခန့်​ရတုသူ့ဆီက ​ရှောင်​မ​ပြေးသလို ကိုယ်​လုံး​သေး​သေး​လေးကိုလဲ စိတ်​ကြိုက်​ဖက်​ထားခွင့်​ရ​နေသည်​။
အဲ့ခန္ဓာကိုယ်​​လေး သူ့ရင်​ခွင်​ထဲ​ရောက်​​နေရင်​ကိုအလိုလို​ကျေနပ်​​နေမိပြန်​တယ်​။

"ဘာလို့တုန်း...အင်း..."

"အား..အာရုံစိုက်​စမ်းပါ...ငါ့​ခေါင်းကိုအနံ့ခံ​နေရ​အောင်
မင်းက...​ခွေးလား....."

"​ခွေးသာဆို မင်းတစ်​ကိုယ်​လုံးကို...
ကိုယ်​ကိုက်​ပြီး​နေပြီ...ခန့်​ရတု...."

ရိုမဆန်​တတ်​​သောအ​ချေနဲ့ ရိုဆန်​ခြင်းအနုပညာကိုနားမလည်​​သောခန့်​ရတုပါပဲ။ဒါ​ပေမယ့်​ အ​ချေ​ပြောတဲ့ရင်​ခုန်​ချင်​စရာတစ်​စက်​မှ မ​ကောင်းတဲ့ဗရုတ်​သုတ်​ခစကားကို ရင်​ခုန်​မိ​နေတဲ့ခန့်​ခန့်​ရယ်​ပါ။

"​တော်​ပြီကွာ....ငါအိပ်​​တော့မယ်​ ...."

"အင်း......အိပ်​ကြစို့..."

"ဘ....ဘာ...!!!"

"အတူအိပ်​မယ်​​လေ......."

ခန့်​ခန့်​ရဲ့နားရွက်​ဖျား​တွေဟာ ​ပေါက်​ထွက်​​တော့မလိုနီရဲ​နေပြီ။

"သွား​သေလိုက်​....ရှိန်းဆက်​​ကောင်​!!!.."

ရှိန်းဆက်​ရဲ့အခန်းထဲက ကုတင်​ကျယ်​ကြီးမှာ ခန့်​ခန့်​​ရောက်​​နေသည်​။ခန့်​ခန့်​​ခေါင်းကိုသူ့လက်ေ​မာင်းေ​ပ်ါတင်​ကာ အိပ်ေ​စပြီး အိပ်​​ပျော်​​နေတဲ့အ​ချေ။
ခန့်​ခန့်​ကိုယ့်​အ​တွေးနဲ့ကိုယ်​ မျက်​နှာပူ​နေမိသည်​။အ​ချေကရိုးရိုး​ပြောတာကို သူကဆန်းဆန်း​တွေးရင်း​ ​ဒေါသထွက်​​နေတာ။
သူက​တော့.....'အိပ်​​တော့​လေ မင်း​ကြောက်​တယ်​ဆိုလို့´ဒီတစ်​ခွန်းထဲ ​ပြောပြီးအိပ်​သွားတာများ သိုးလို့...။

Prominent BOY [[Completed]]Where stories live. Discover now