Pro boy 6

12.6K 933 1
                                    

Prominent boy (6)

ZAWGYI ::

"ဟာ လွှတ်​စမ်းပါဗျာ"

ခန့်ခန့်ရုပ်​ကစူပုတ်ရုံမကမဲ​မှောင်ေ​နပြီ။ဖြစ်​မှာ​ပေါ့။ပြောမရဆိုမရအ​ချေ​ကောင်​ကသူ့ကိုအတင်းဆွဲ​ခေါ်လာတာကို။

"မင်းကို​ဆေးထည့်​​ပေးပါမယ်​လို့​ပြော​နေတာကို"

"ရပါတယ်​လို့​ပြော​နေတယ်​​လေ"

"ဘာလို့​ခေါင်းမာ​နေတာလဲ ဒါ​တွေက
ငါ့​ကြောင့်​ဖြစ်​တာဆိုတာသိ​နေလို့ လုပ်​​ပေးတာ
သိပ်​ကိုလုပ်​​ပေးချင်​လွန်းလို့များမထင်​နဲ့"

"သိပ်​ကိုလုပ်​​ပေးချင်​လွန်း​လို့များမထင်​နဲ့"
နောက်​​က​နေနှုတ်​ခမ်းကိုမဲ့ကာရွဲ့ကာ​ခပ်​တိုးတိုးလိုက်​​ပြော​တော့မျက်​​ထောင့်​နီကြီးနဲ့ကြည့်​လာသည်​။ထိုအခါမှ ခန့်ခန့်​​လျှာ​လေးတစ်​လစ်​ထုတ်​ကာရီပြလိုက်​မိသည်​။
ပြိုင်​လဲမငြင်းချင်​​တော့ပါဘူး​လေ။ထွက်​​ပြေးတာကိုမရအရအတင်းဆွဲ​ခေါ်လာတာပဲမလား။

"ဒါနဲ့ ရှိန်း မင်းမှာမိဘ​တွေရှိလား"

ခန့်​ခန့်​​ဆေးထည့်​​ပေးတာခံ​နေရင်းသိချင်​တာ​တွေစပ်​စု​လေပြီ။ရတယ်​မလား ဒဏ်​ရာဗလပွနဲ့ ခန့်​ခန့်​​လေးကိုအနိုင်​​တော့မကျင့်​​လောက်​ပါဘူး ဟင်းဟင်း ။
သူ့အ​မေး​ကြောင့်​​မော့ကြည့်​လာတဲ့အ​ချေ​ကောင်​။မျက်​နှာကို​ဆေးထည့်​​ပေး​နေတာမို့ နှစ်​​ယောက်​သားကနီးကပ်​စွာ။စော​စောက ဘာမှမဖြစ်​​ပေမယ့်​ ရုတ်​တရက်​တိတ်​ဆိတ်​သွားတဲ့အ​ခြေအ​နေမှာ ခန့်​ခန့်​အသက်​ရှူကြပ်​သည်​။
ကြပ်​မှာ​ပေါ့ သူထုတ်​လိုက်​တဲ့ ကာဗွန်​ဒိုင်​​အောက်​ဆိုဒ်​​တွေက ခန့်​ခန့်​ဆီလာရိုက်​တာကို။ဘယ်​လိုအသက်​ရှူလို့ရမှာလဲ။

"အရူး ဘာ​တွေလာ​မေး​နေတာလဲ"

အေးစက်​စက်​​ဖြေကာအရင်​မျက်​နှာလွှဲသွားတဲ့အ​ချေ။နှုတ်​ခမ်း​ထောင့်​​လေး​ကွေးတက်​သွားတာမြင်​လိုက်​သည်​။သူပြုံးလိုက်​တာလား။
ကျောက်​ရုပ်​ဖြစ်​​နေတဲ့ခန့်​ခန့်​အခုမှအသက်​ဝင်​လာသည်​။

Prominent BOY [[Completed]]Where stories live. Discover now