Pro boy 22

9.2K 740 13
                                    

Prominent boy(22)

ZAWGYI ::

ခန့်​ခန့်​ကုတင်​​ပေါ်ငူငူကြီးထိုင်​​နေမိ​သည်​။မ​နေ့ကသူဘုဉ်းပြည့်​နဲ့ ကလပ်​သွားပြီး​သောက်​ဖြစ်​သည်​။အစကအ​သေဒွန့်​မို့ပဲ ဘီယာ​လေးနဲနဲဝင်​​တော့လူက ​ကြောင်​​တောင်​​တောင်​​တွေဖြစ်​ကုန်​ခြင်းပင်​။
ဘာမှလဲမမှတ်​မိ​တော့။သူအခု​ရောက်​​နေတာ ရှိန်းရဲ့တိုက်​ခန်းမှန်း​တော့သိသည်​။ဘုဉ်းပြည့်​လာပို့သွားတာလား။မဖြစ်​နိုင်​ ဒီ​နေရာကိုဘုဉ်းပြည့်​မသိပါ။ဒါဆို ရှိန်းလာ​ခေါ်တာလား။ဖြစ်​နိုင်​ပါ့မလား ထိုအ​ချေ​ကောင်​ကထိုမျှအထိသ​ဘောထားကြီးမယ်​မထင်​ပါ။
အိပ်​ယာ​ဘေးက ညအိပ်​မီးအိမ်​တင်​တဲ့စားပွဲ​ပေါ်မှာ သံပုရာရည်​​လေးကို​တွေ့ရသည်​။သူအခုထိ ခန့်​ခန့်​ကို'တာဝန်​´မပျက်​ ဂရုစိုက်​တုန်းပဲ။စိတ်​ကူး​တွေသိပ်​မယဉ်​နဲ့ ခန့်​ခန့်​ ဒါသူ့'တာဝန်´မို့ သူလုပ်​ခဲ့တာ​တွေအတွက်​လုပ်​​ပေးရုံပဲ။ဘာ​တွေ​မျှော်​လင့့်​နေတာလဲ။အ​တွေးနဲ့အတူ ​ကောက်​ကာအ​မော့...

"​မေ့...စပ်​တယ်​...အား.."

ရေချိုးခန်းထဲဝင်​ကာမှန်​ကြည့်​မိ​တော့ နှုတ်​ခမ်း​ထောင့်​က​ပေါက်​ပြဲဒဏ်​ရာ။ဘယ်​လိုများမူးပြီး ​မှောက်​လဲခဲ့လို့နှုတ်​ခမ်းမှာပါ လာ​ပေါက်​​နေရတာလဲ။

__________________________Prominent

ရေချိုးပီးဖုန်းရှာ​တော့ ရှာမ​တွေ့။ဟိုတစ်​​ယောက်​နဲ့လဲ စကား​ပြောချင်​စိတ်​မရှိတာမို့ နားကြပ်​နဲ့သီချင်းနား​ထောင်​မို့ပါဆို။
မ​တွေ့လဲမတတ်​နိုင်​ဘူး။နားကြပ်​အလွတ်​ကိုတပ်​ပြီး အ​ပေါ်အင်္ကျီမှာပါအိတ်​ကပ်​ထဲထိုးထည့်​လိုက်​သည်​။မသိရင်​ ဖုန်းကထိုအိတ်​ကပ်​ထဲမှာ​ပေါ့။ပြီး​တော့ခပ်​တည်​တည်​ပင်​ ထမင်းစားခန်းဘက်​ထွက်​လာခဲ့သည်​။
ထမင်း​တော့မစားဘဲ မ​နေနိုင်​ပါ။မျက်​နှာ​ပြောင်​​ပြောင်​ပင်​ စားရအုံးမည်​ပဲ။

မီးဖိုခန်းထဲမှာဟိုဒီသွားရင်း ထမင်းပွဲပြင်​​နေတဲ့သူ။တကယ်​ပါ သူတို့ကြားမှာ ​ယောက်ျား​လေးဆိုတဲ့ပညတ်​ချက်​သာ ရှိမ​နေခဲ့ရင်​ သူရှိန်းကိုဖမ်းဆွဲထားမိမှာအမှန်​ပင်​။
မ​ယောင်​မလည်​နဲ့ ထမင်းစားပွဲမှာဝင်​ထိုင်​ရင်း ဟင်း​တွေကိုတစ်​ချက်​ရှိုးလိုက်​သည်​။ပုစွန်​​သေး​သေး​လေး​တွေကို ခရမ်းချဉ်​သီးနဲ့ငြုပ်​ပွ​နဲ့ ​ကြော်​ထားသည်​မှာစားချင်​စဖွယ်​။အာလူးကို ဟင်းချိုချက်​ထားပုံရပီးကြက်​သွန်​ဖတ်​​လေး​တွေကိုပါမြင်​​နေရသည်​။
ဘယ်​ကရလာလဲမသိ​ပေမယ့်​ မရမ်းသီးကို​မြေပဲ​ရယ်​ပုစွန်ေ​ခြာက်ေ​လးနည်းနည်းရယ်​ ငြုပ်​သီးအချို့ရယ်​နဲ့​ထောင်းထားသည်​။
သူအ​စောကြီးထချက်​တာလား။
တွေး​နေတုန်းသူ့​ရှေ့ကို​ရောက်​လာတဲ့ထမင်းပန်းကန်​။ထမင်းကိုလဲ ပန်း​ဂေါ်ဖီအဖြူ​တွေကြက်​ဥ​တွေနဲ့ ခပ်​ဖွဖွ​ကြော်​ထားပြီးပဲသီးစိမ်း​လေး​တွေပါပါ​သေးသည်​။
စကားမ​ပြောဘဲ ပုစွန်​ဟင်းကိုနဲနဲယူကာစားမိ​တော့ ခပ်​ချိုချို​လေးနဲ့​ခပ်ေ​လး​လေးရယ်​ အနည်းငယ်​ပူစပ်​စပ်​​လေးနဲ့တကယ်​စား​ကောင်းသည်​။အာလူးဟင်းကိုတစ်​ဇွန်းခပ်​ကာ ​သောက်​မိ​တော့ကြက်​သွန့်​နံ့သင်းသင်း​လေးနဲ့ မရမ်းသီးကိုစား​တော့လဲသိပ်​မချဉ်​ပါ။
ဆီ​တွေအီမ​နေဘဲ ကြွကြွ​လေးနဲ့စား​ကောင်း​နေတဲ့ ထမင်း​ကြော်​။ကြက်​ဥပါ​ပေမယ့်​ ညှီနံ့လုံးဝမထွက်​ပဲ စား​ကောင်း​နေသည်​။ထမင်းကိုစား​ကောင်း​ကောင်းနဲ့စား​နေမိတာ အစားကလွဲပြီး ဘာမှမ​တွေးမိ​တော့တဲ့အထိ။
ရုတ်​တရက်​ ​သူစားတဲ့ပန်းကန်​​ဘေးချ​ပေးတဲ့မဲမဲအပြား..အဲ​လေ..ဖုန်း။ဘာ..ဖုန်း??..။

Prominent BOY [[Completed]]Where stories live. Discover now