Pro boy 23

9.6K 735 20
                                    

Prominent boy (23)

ZAWGYI ::

{"ငါ..."
"မင်း..."}

"ဟို...အဟမ်း...ငါဆင်း​တော့မယ်​..."

ခန့်​ခန့်​​ချောင်းတစ်​ချက်​ဟန့်​ရင်း စကားကိုဆက်​ကာ ခါးပတ်​ကြိုးကိုဖြုတ်​ရန်​ပြင်​လိုက်​သည်​။ခါးပြတ်​ကြိုးကအ​ရေးထဲကြပ်​​နေ​သေး။

"ဟို...ငါ..ကူညီရမလား..."

"ဟမ်​..."

သူ့ဘက်​တိုးလာတဲ့ရှိန်း...ဘာလို့ရှိန်းဆီက​ရောင်​ဝါ​တွေထွက်​​နေသလိုခံစားရတာလဲ။

ကလစ်​....
အချိန်​သင့်​စွာပြုတ်​ထွက်​သွားတဲ့ကြိုး။

"အဲ..ဟီး..ရပြီ..."

သွား​လေးဖြီး​ကာ ရယ်​ပြ​နေတဲ့ခန့်​ရတုကိုကြည့်​ရင်း လက်​ကိုရှက်​ရှက်​နဲ့ပင်​ပြန်​ရုတ်​လိုက်​သည်​။ကံ​ကောင်းရင်​ kiss​လေးဖြစ်​ဖြစ်​ရမှာကို။ညစ်​ကျယ်​ကျယ်​အ​တွေးနဲ့အတူ စိတ်​ပျက်​လက်​ပျက်​ဖြစ်​သွားတဲ့ ရှိန်းဆက်​။
ခန့်​ခန့်​တစ်​​ယောက်​လဲ သိပ်​မ​ကျေနပ်​ပါ။အ​ချေစုတ်​​ကြောင့်​ ရင်​​တွေမတရားခုန်​​နေပါသည်​။နှုတ်​ပင်​မဆက်​ ​စောင့်​ပင်​မ​စောင့်​နိုင်​ဘဲ ကား​ပေါ်ကခုန်​ဆင်းကာထွက်​​ပြေးလာမိသည်​။

"အရူး​လေး အတန်းထဲ​ရောက်​ရင်​​တွေ့ရမှာပဲကို"

ခပ်​ဖွဖွ​ရေရွတ်​တဲ့ရှိန်းနှုတ်​ခမ်းထက်​အပြုံးတို့ခိုနားသည်​။
~
~~
~~~
"အား ​သေ​တော့မှာပဲ သူဘယ်​လို​တွေ​တောင်
ဖြစ်​​နေတာလား...​မေ​ရေ....."

ရင်​ဘတ်​​လေးဖိကာ ပွစိပွစိ​ပြော​နေမိစဉ်​သူ့ဂုတ်​သားဆီလာထိတဲ့ ​အေးစက်​စက်​လက်​တစ်​ဖက်​။

"ဟင်​ ထက်​သူ?"

"အာ​ဆောရီး ရတု ကိုယ်​​ရေ​တွေကိုင်​လာတာ
မေ့သွားတယ်​ ​ဆောင်းဝင်​​တော့မှာမို့ထင်​တယ်
နဲနဲ​အေးလာတယ်​​နော်​......"

သူ့မူပိုင်​အပြုံးချိုချို​တွေနဲ့​ပြောလာသည်​က မ​နေ့ကကိစ္စမဖြစ်​ခဲ့သလို။ခန့်​ခန့်​စိတ်​ထဲအားနာသွားမိသည်​။လက်​ရှိသူနဲ့ထက်​သူက တွဲ​နေကြတဲ့အ​ခြေအ​နေ။
ခန့်​ခန့်​ကိုယ့်​ဘာကိုအစိုးမရစွာအပြစ်​တင်​မိသည်​။သူရှိန်းကိုချစ်​သည်​။သူနဲ့ရှိန်းဒီမနက်​ပဲ​ပြေလည်​သွားပြီ။ပြီး​တော့ ထက်​သူသူ့အ​ပေါ်ဘယ်​လိုသ​ဘောထားသလဲသိ​နေခဲ့တာ​တောင်​ သူထက်​သူကိုအသုံးချခဲ့​သေးသည်​။
သူထက်​သူကိုချစ်​နိုင်​လားဆို​တော့ ဟင့်​အင်း။သူ့နှလုံးသားက လူတစ်​​ယောက်​ထဲဆီအကုန်​​ပေးထားမိပြီးသား။ဒါကိုသိရက်​နဲ့ သူ​ကျေနပ်​​စေဖို့ထက်​သူက အများအမြင်​မှာမ​ကောင်း​ပြောခံပြီးကူညီခဲ့​သေးသည်​။သွေးပူပြီးလုပ်​ခဲ့​ပေမယ့်​ ပြန်​စဉ်းစားကြည့်​ရင်​ ခန့်​ခန့်​ဆိုတဲ့သူဟာအရမ်းကိုမုန်းစရာ​ကောင်းပါလား။

Prominent BOY [[Completed]]Where stories live. Discover now