Pro boy 10

11.3K 833 10
                                    

Prominent boy (10)

ZAWGYI ::

"ဒါဆို မင်း​ရှေ့မှာသူနဲ့အပြတ်​ဖြတ်​လိုက်​မယ်​"

"...."

မဟုတ်​ဘူး​လေး။ခန့်​ခန့်​လိုချင်​တာဒါမျိုးမဟုတ်​ဘူး။အခုမှပိုဆိုးမှာ​ပေါ့ ခန့်​ခန့်​ကို​ယောက်ျား​လေးတန်​မဲ့​ကြောင်​​တောင်​နှိုက်​တဲ့​ကောင်​ဖြစ်​သွားမှာ​လေ။ပြီး​တော့ မင်း​ရှေ့မှာဟုတ်​လား...ထိပ်​ထားကိုဘယ်​လိုမျက်​နှာနဲ့ကြည့်​ရမှာလဲလို့။အဲ့အစား ငါ့ကိုသာဖြတ်​လိုက်​ပါ​တော့လားအ​ချေရာ။

"ဘာ..ဘာလုပ်​​နေတာလဲ"

သူ့လက်​ထဲကဖုန်းကိုကြည့်​ရင်းအလန့်​တကြား​မေးလိုက်​တယ်​။

"ထိပ်​ထားဆီဖုန်း​ခေါ်မို့​လေ မင်း​ပြောတာမှန်​တယ်
လုပ်​မှ​တော့ရှင်းရှင်းလင်းလင်း​ပေါ့"

"အခု...အခုကြီးလားဟင်​"

ခန့်​ခန့်​ရဲ့မျက်​နှာငယ်​​လေးကြည့်​ရင်းဟက်​ဆိုတစ်​ချက်​ရယ်​တဲ့အ​ချေ။တကယ်​က ထိပ်​ထားကိုစိတ်​ထဲထည့်​စရာကိုမလိုတာ။သူကအ​တွေးလွန်​​နေ​တော့ လုပ်​​ပေးရမှာ​ပေါ့။

တူ....
ဖုန်းဝင်​တာနဲ့စပီကာပါဖွင့်​ထားပြန်​သည်​။

"ဟယ်​လို ရှိန်း ဘာလဲ ထိပ်​ထားကိုထားခဲ့ရလို့
နောင်​တရ​နေတာလား ရပါတယ်​ ခုထိထိပ်​ထား
ကုန်​တိုက်​မှာပဲရှိ​သေးတယ်​..​စောင့်​​နေ​ပေးရ...."

"ငါမင်းနဲ့အပြတ်​ဖြတ်​ချင်​လို့"

"ဟင်​...ဘာကိုရှိန်း..."

ခန့်​ခန့်​​ဘေးက​နေသူ့လက်​တစ်​ဖက်​ကိုဆွဲလိုက်​​တော့လှည့်​ကြည့်​လာသည်​နဲ့​ခေါင်းခါပြလိုက်​သည်​။မလုပ်​နဲ့ဆိုတဲ့သ​ဘော။

"ဟုတ်​တယ်​​ ခုငါ့မှာ​ကောင်​​လေးလဲရှိ​နေ​တော့
မင်းနဲ့အရင်​လို ဆက်​​နေလို့မဖြစ်​​တော့ဘူး
ဟုတ်​တယ်​မလား..."

"ထိပ်​ထားကပြဿနာမရှိပါဘူး...ဘာလဲ
အခု​ဘေးမှာခန့်​ခန့်​ရှိ​နေတာလား"

"မင်းကဘာလို့ သူ့ကိုအဲလို​ခေါ်ရတာလဲ"

"အို​ကေ မ​ခေါ်​တော့ဘူး သူ့ကို​ပြောစရာရှိလို့ပါ
ခန့်​ခန့်​​ရေ ရှိန်းကို​သေချာ​လေး​သေချာ​လေး
ဖမ်းဆွဲထား​နော်​ မဟုတ်​ရင်​ရှိန်းကထိပ်​ထားအတွက်​ပဲ
ဖြစ်​လာမှာ..."

Prominent BOY [[Completed]]Where stories live. Discover now