Pro boy 5

12.7K 998 3
                                    

Zawgyi

"သွားသွား ​ဒီ​နေရာကို​နောက်​ထပ်
မလာနဲ့​တော့​နော်​"

ခပ်​ညစ်​ညစ်​​ပေတလူးဖြစ်​​နေတဲ့​ကောင်​​လေးတစ်​​ယောက်​ ​ခွေး​လေးကိုနှင်​ထုတ်​​နေသည်​။ခွေး​လေးဆို​ပေမယ့်​သူ့ခါး​လောက်​နီးနီးရှိသည့်​ဂျာမန်​သိုးထိန်း​ခွေးအမျိုးအစားကြီး။
ခွေး​လေးကလဲတအီအီနဲ့ထွက်​မသွား။

"သွားပါ​တော့ ဂျက်​ရာ မင်းကိုပါ
သူတို့ရန်​ရှာ​နေပါ့မယ်​..."

မျက်​နှာ​လေးငယ်​ကာ​ပြော​တော့ ဂျက်​ကလှည့်​ထွက်​သွားသည်​။ထိုမှသာခန့်​ခန့်​သက်​ပြင်းကိုချလိုက်​မိသည်​။

အားလုံးရဲ့အစက....

သူနဲ့မ​လေး​တွေ့ခဲ့တဲ့​ခွေးကြီးက ဘယ်​ကဘယ်​လိုကား​ပေါ်​ရောက်​​နေလဲမသိ။အိမ်​အထိပါလာသည်​​လေ။ခန့်​ခန့်​က​ခွေးချစ်​သ​လောက်​​ခွေး​ကြောက်​တဲ့မ​လေး​ကြောင့်​​ခွေးမ​မွေးရ။
အဲ့​ခွေးကား​ပေါ်ပါလာ​တော့လဲအသက်​ထွက်​မတတ်​​အော်​တဲ့မ​လေး​ကြောင့်​ ခန့်​ခန့်​မှာမ​မွေးရ။မနက်​ပိုင်းအထိအိမ်​​ရှေ့မှာရှိ​နေတဲ့​ခွေးကြီးကိုခန့်​ခန့်​ဂျက်​ဆိုပီးနာမည်​​ပေးကာအစာ​ကျွေးလိုက်​သည်​။
ဒီလိုနဲ့​ကျောင်း​ရောက်​​တော့လဲ ဂျက်​ကပါ​ရောက်​​နေပြန်​သည်​​လေ။နေ့လည်​ပိုင်းကျ​တော့ဂျက်​ကိုမုန့်​​ကျွေးဖို့​ကျောင်းထဲပတ်​ရှာရင်းခန့်​ခန့်​ဒုက္ခ​ရောက်​သည်​။

__________________________Prominent

"ဂျက်​​ရေ ဂျက်​..ဘယ်​မှာလဲ "

"ဆို​တော့ နင်​ကခန့်​ရတု​ပေါ့ဟုတ်​လား"

သူ့​ရှေ့မှာလာရပ်​တဲ့မိန်းက​လေး​ကြောင့်​ခန့်​ခန့်​အူတူတူနဲ့​ခေါင်းငြိမ့်​ပြလိုက်​သည်​။
ရုတ်​တရက်​မဲ့ပြုံးနဲ့အတူလက်​ခုပ်​နှစ်​ချက်​တီးလိုက်​တဲ့​ကောင်​မ​လေး။သူ့ထက်​အသက်​ကြီးပုံ​ပေါ်တဲ့​ကောင်​​လေး​တွေ​ရောက်​လာသည်​။

"အ​ခြောက်​​ကောင်​ နင်​က​ယောက်ျား​လေး​တွေကို
သ​ဘောကျတာ​ပေါ့ ဟုတ်​လား...ရွံစရာ"

"မဟုတ်​ဘူး "

ခန့်​ခန့်​အသည်းအသန်​ငြင်းလိုက်​သည်​။သူတကယ်​သ​ဘောမကျပါဘူး။ဘာလို့သူ့ကိုအဲလို​ပြောတာလဲ။

Prominent BOY [[Completed]]Where stories live. Discover now