Pro boy 32

9.1K 630 9
                                    

ZAWGYI ::

Prominent boy (32)

"မကြီးက​ပျော်​​နေပုံပဲ...."

ခင်​ပွန်း​လောင်းကအစားအစာကိုဂရုတစိုက်​​ကျွေး​နေ​တော့မကြီးလဲ ​ပျော်​​နေပုံပင်​......။သားသမီး​တွေထဲမှာအသက်​ကြီးဆုံးဖြစ်​သလို အကြီးလဲပီသလွန်းတဲ့ မကြီးယုယ.....။မိဘ​တွေရဲ့ဒုက္ခ​တွေကိုပါ မျှ​ဝေခံစား​ပေးခဲ့ရတဲ့မကြီး....။
တံခါး​လေးကိုအသာပြန်​ပိတ်​ပြီး ခန့်​ခန့်​ရှိန်းကိုသွားတန်း​ညီညီ​လေး​တွေ စီ​နေ​အောင်​ရီပြလိုက်​သည်​.....။

"ငါတို့ ဒီ​နေ့​ကျောင်းသွားမှာမလား..."

"အင်း..."

ရှိန်းက​ခေါင်းကိုညိမ့်​ပြပြီး ခန့်​ခန့်​ရဲ့လက်​ကိုတွဲလိုက်​သည်​....။ခန့်​ခန့်​လဲသ​ဘောကျစွာရီလိုက်​ရင်း မသိမသာ​လေးအနားကိုပိုကပ်​လိုက်​တယ်​....။

"​ပျော်​လား...."

"အင်း......"

ခန့်​ခန့်ရဲ့အ​ဖြေက ​ရေခဲတုံးအ​ချေ​ကောင်​စတဲ့ဂုဏ်​ပုဒ်​များစွာရဲ့ပိုင်​ရှင်​ကို စက္ကန့်​ဝက်​မျှပြုံး​စေခဲ့သည်​....။ထိုခဏ​လေးအတွင်းပြုံးလိုက်​တဲ့အပြုံးမှာ​တောင်​ ခန့်​ခန့်​သတိလက်​လွှတ်​​ငေး​မောရင်း နှလုံးသား​တွေအရည်​​ပျော်​ကျသွား​တော့မလိုခံစားလိုက်​သည်​...။အသဲ​တွေလဲတဖြုတ်​ဖြုတ်​​ကြွေကျကုန်​ပါပီ....။အဲ့အပြုံး​တွေက ခန့်​ခန့်​တစ်​​ယောက်​ထဲအတွက်​ပဲဆိုတာကို​တော့ ခပ်​တုံးတုံးင​ကြောင်​​လေးမသိပါဘူး...။
တစ်​ဆက်​ထဲမှာ သိမ်​ငယ်​မှု​တွေလဲဝင်​လာသည်​....။ရှိန်းကအရာရာပြည့်​စုံတဲ့လူသားတစ်​​ယောက်​...။ရုပ်​ရည်​အရဆိုလဲ ရှိန်းဆိုတာနဲ့ တဖြုတ်ြ​ဖုတ်​​ကြွေကျကုန်​တဲ့ ​ကောင်​မ​လေး​တွေကြည့်​ပီး​ပြောစရာမလို​တော့...။စာဆိုရင်​​ရော...​ပြောစရာပင်​မလိုပါ...အတန်းထဲမှာသူအိပ်​ချင်​သလိုအိပ်​ ​နေချင်​သလို​နေ​ပေမယ့်​ ဆရာဆရာမ​တွေရဲ့လက်​ရုံးလိုပင်​...။ဟင်းချက်​ကလဲ​ကောင်း​သေး..။
သူက​ရော...သူက​တော့ ရုပ်​ကလဲရွက်​ကြမ်း​ရေကြို...။ပီး​တော့ စာကလဲညံ့​သေးသည်​.....။နဲနဲ​လေး ပြာယာခတ်​ပီး အလွဲ​တွေလုပ်​တတ်​တာရယ် ဘာတစ်​ခုမှ ​ရေ​ရေရာရာမကျွမ်းကျင်​တာ​လေးရယ်​ ​ကို​တော့ဖယ်​ထားလိုက်​ပါ..။
ရှေ့ကိုပဲကြည့်​​နေတဲ့ရှိန်းက ခန့်​ခန့်​ရဲ့အ​တွေး​တွေကိုမသိပဲ လက်​ကိုသာတင်းတင်းကြပ်​ကြပ်​ဆုတ်​ကိုင်​လို့....။ရုတ်​တရက်​ ခန့်​ခန့်​​ပေါ်ကိုငုံ့မိုးရင်း ပြုံးပြလိုက်​သည်​....။လက်​ကအထိအ​တွေ့ကလဲပိုလို့တင်းကြပ်​သွားသည်​....။
ခန့်​ခန့်​ထိုခဏမှာ သိမ်​ငယ်​​စေတဲ့အ​တွေး​တွေ ​ခေတ္တခဏ​မေ့​ပျောက်​သွားပီး...နှုတ်​ခမ်း​တွေ​ကော့တက်​သွား​အောင်​ပြန်​ပြုံးပြလိုက်​သည်​....။ဆေးရုံ​ကော်​ရစ်​ဒါမှာ လက်​ချင်းချိတ်​ထားတဲ့​ကောင်​​လေး နှစ်​​ယောက်​....။
တစ်​​ယောက်​က မျက်​နှာကတည်​ကြည်​​နေ​ပေမယ့်​ သူ့မျက်​လုံးထဲမှာ မြတ်​နိုးမှု​တွေပြည့်​​နေတာကို မြင်​ရနိုင်​သည်​.....။ကောင်​​လေးတစ်​​ယောက်​က​တော့ ​ပေါ့ပါးစွာ ပြုံးလို့...။

Prominent BOY [[Completed]]Where stories live. Discover now