Pro boy 18

9.5K 754 8
                                    

Prominent boy (18)

ZAWGYI ::

"လမ်းခွဲရ​အောင်​...ရှိန်း..."

လှဲ​နေရာကထထိုင်​လာတဲ့သူ..။ထူးထူးဆန်းဆန်း​​မီးခို​ရောင်​​Hodie​တွေနဲ့..။မပီပြင်​တဲ့အပြုံးတစ်​ပွင့်​နဲ့အတူထရပ်​​တော့လူက​အော်​တိုမစ်​တစ်​​မော့ကြည့်​ရပြီးသား။ဝန်ခံပါတယ်...ခပ်ေ​​​ရး​ရေး​ပေါ်လာတဲ့သွားစွယ်​​တွေအ​ပေါ်ကျရှုံးမိတယ်​ဆိုတာ..။နီးကပ်​စွာရှိ​နေကြတာမို့ခန့်​ခန့်​ကသူ့ရင်​ခွင်​ထဲမြှုပ်​ဝင်​မတတ်​။

"ဘာလို့လဲ..အ​ကြောင်းပြချက်​ကဘာလဲ"

သူ့အ​မေးအဆုံး...​ပြောစရာအ​ကြောင်းပြချက်​များစွာတန်းစီ​ပေါ်လာသည်​။သူတို့ကတကယ်​ချစ်​သူ​တွေမှမဟုတ်​တာ။ချစ်​သူ​တွေဆိုရင်​ ဂရုစိုက်​ရမှာ​လေ။အခု​တော့သူ့​ကြောင့်​ထိခိုက်​ရတာ​တောင်​မျက်​နှာလွှဲခဲ့ပြီးမှ အ​ကြောင်းပြချက်​တဲ့လား။

"လုံ​လောက်​ပြီလို့ထင်​ပါတယ်​...
မင်းလဲ....မင်းဖုန်းကွဲရတဲ့အတွက်
ငါ့ကိုအပြစ်​​ပေးတာ ခု​လောက်​ဆို...
ကျေနပ်​ပြီထင်​တာပဲ....."

"ငါမင်းကိုတွဲမယ်​ဘဲ​ပြောခဲ့တာ....
ဖုန်းကွဲခဲ့တဲ့အပြစ်​ဒဏ်​လို့​ပြောခဲ့လို့လား..."

"မင်း...ဟူး..ထားပါ..ဘာပဲဖြစ်​ဖြစ်​မင်း​ရောငါ​ရော...
အချစ်​​ကြောင့်​တွဲခဲ့ကြတာမှမဟုတ်​ဘဲ...."

"အချစ်​မပါဘူးတဲ့လား....ငါထင်​တာ..
မင်းငါ့ကို ချစ်​​နေတယ်​ထင်​တာပဲ..."

ခန့်​ခန့်​မျက်​နှာ​လေးနီရဲသွားသည်​..။ရှက်​လို့​တော့မဟုတ်​...မာနကိုထိပါးခံလိုက်​ရတာမို့..။သူရိပ်​မိ​နေခဲ့တာလား...။

"မင်းသိ​နေတာပဲ...ဟုတ်​တယ်​...ငါမင်းကိုချစ်​ခဲ့တယ်​..
ဒါ​ပေမဲ့ စိတ်​မပူပါနဲ့  အခုကစငါမင်းကို..
သ​ဘောမကျဖို့ကြိုးစား​နေပြီ...ဒါ​ကြောင့်​..လမ်းခွဲမယ်​.."

"ငါက..မင်းငါ့ကိုသ​ဘောမကျ​တော့မှာကို...
ခွင့်​မပြုဘူးဆိုရင်​​ရော...."

"မင်း...."

ခန့်​ခန့်​စကားတို့မဆက်​နိုင်​ခဲ့။ကြမ်းတမ်းစွာဆွဲယူနမ်းရှိုက်​ခြင်း​အောက်​မှာ..မလူးသာမလွန့်​သာ...။ဒါသူ့ရဲ့ဒုတိယ​မြောက်​အနမ်း...။ပထမဆုံးအနမ်း​ရော...ဒုတိယ​မြောက်​အနမ်း​ရော...အ​ချေကပဲယူသွားခဲ့သည်​...။မာနဆိုတဲ့အရာကထိပါးလာရင်​ အ​မောက်​​ထောင်​တတ်​တာသဘာဝပင်​..။
ထိုအနမ်းေ​တွက..ရုန်းမထွက်​ချင်​​အောင်​သ​ဘောကျသည်​..။ဒါ​ပေမယ့်​ ခန့်​ခန့်​အတွက်​ ..ရှိန်းရဲ့လုပ်​ရပ်​ကသူ့ကို​စော်​ကား​နေသည်​ဟုခံစားမိသည်​..။သူ့ကိုသ​ဘောကျတယ်​ဆိုပြီး..ချယ်​လှယ်​ချင်​သလိုချယ်​လှယ်​လို့ရမယ်​ထင်​လား...။မင်းငါ့မာနကိုထိပါးတာများပြီရှိန်း..။

Prominent BOY [[Completed]]Where stories live. Discover now