Pro boy 30

9.2K 684 11
                                    

Prominent boy (30)

ZAWGYI ::

မျက်​လုံးအဝိုင်းသားနဲ့ခန့်​ခန့်​....ရှိန်းရဲ့လက်​​မောင်း​ပေါ်​ခေါင်းတင်​ပီး ရှိန်း​ပြောပြတာကိုနား​ထောင်​​နေသည်​....။
အဲ့​နေ့က....

ရှိန်းခန့်​ခန့်​တို့အိမ်​ကို ထွက်​လာခဲ့သည်​...။သ​ကောင့်​သား​လေးက​ပျောက်​ချက်​သား​ကောင်း​နေတာ..။သူ့မှာ​တော့ထိုင်​မရထမရ...။ငါတို့လမ်းခွဲရ​အောင်​ ဆိုတာကြီးပဲပြန်​သတိရရင်း ဖုန်း​​ခေါ်ဖို့ကြံရွယ်​တာလဲအကြိမ်​ကြိမ်​....။
သို့​သော်​​လဲ ဖုန်း​ပြောဖို့ကျရှက်​သလိုလို..​ခေါ်ပြီးဘာ​ပြောရမည်​လဲ....။လမ်းမခွဲ​​ပေးနိုင်​ဘူးဆိုတာလား...လွမ်းတယ်​လား....ရှိန်း​တကယ်​ကိုစိတ်​​တွေ​လေပါသည်​...။
မသိစိတ်​ရဲ့ဦး​ဆောင်​မှု​နောက်​မှာရှိန်းကား​လေးက ခန့်​ခန့်​​နေတဲ့​နေရာ​လေးနား​ရောက်​လာပြီ...မကြီးကသူ့ကိုမြင်​​တော့အိမ်​ထဲ​ခေါ်သွင်းခဲ့သည်​....။ပြီးရင်​​တော့ အားလုံးသိကြသလိုပါပဲ.....။

နောက်​​နေ့ခန့်​ခန့်​ရဲ့​ဖေ​ဖေက ရှိန်းကို​တွေ့ကြဖို့​ပြောသည်​.....။

"မင်္ဂလာပါ ဦး..."

"နာမည်​ကရှိန်းဆက်​​နော်​....."

"ဟုတ်​ပါတယ်​....အန်​ကယ်​သိထားတာအားလုံးအမှန်​ပါ..."

"​ဟေ့​ကောင်​ ငါ​မေးတာပဲ​ဖြေ...."

ခန့်​ခန့်​ရဲ့​ဖေ​ဖေဟာခန့်​ခန့်​နဲ့မတူကွဲပြားစွာ ​ဒေါသထွက်​တတ်​သည်​....။ရေခွက်​ကို​ကောက်​​မော့ရင်း သူ့ကိုစူးစိုက်​ကြည့်​​နေပြန်​တဲ့​ယောက္ခမ​လောင်းကြီး....။
ချွေးပြန်​ချင်​လာသည်​....ရှိန်းဆက်​ဘဝမှာအ​နေခက်​တာတစ်​ခါမှမရှိခဲ့ဖူးဘူး....။မင်း​ကြောင့်​ခန့်​ရတု...မင်းကိုချစ်​မိလို့....။

"ငါ့သားက​ယောက်ျား​လေး..."

"ကျွန်​​တော်လဲ ​ယောက်ျားပါ"

"မင်း....ဟူး...စိတ်​​လျော့....ငါ​ပြောချင်​တာက မင်းတို့
နှစ်​​ယောက်​လုံး ​ယောက်ျား​လေး​တွေ...မင်းဘာလို့ငါ့သားကို
တွဲရတာလဲ မင်းသူ့ကိုချစ်​လို့လား....."

Prominent BOY [[Completed]]Where stories live. Discover now