PART-9

1.8K 88 0
                                    

ယ​နေ့သည်​ အစိုးရရုံးပိတ်​ရက်​​ကျောင်းပိတ်​ရက်​ဖြစ်​​သော ခရစ္စမတ်​​နေ့​လေးဖြစ်​သည်​....

ဒီလို​နေ့များတွင်​ ဒီ​ရေ သည်​ရှိသမျှGuideတန်း​တွေအကုန်​နားကာအိမ်​တွင်​သာ​အေး​ဆေးအနားယူ​လေ့ရှိ​လေသည်​...ဒီ​ရေ့ရဲ့စိတ်​ချမ်းသာစရာ​ကောင်း​သော​နေ့ရက်​​လေးဆိုလည်းမမှား....

"ငါလည်းဒီလိုပိတ်​ရက်​မျိုး​လေးမှပဲ ​ကျောင်းကဟိုအရစ်​​ကောင်​လျှမ်းဆက်​ခရဲ့ရစ်​ခြင်းလည်းမခံရ၊ ဟိုအရှုပ်​​ကောင်​​လေးRhymeရဲ့ရန်​​တွေ့ခြင်းကိုလည်းမခံရတာ​ကြောင့်​ငါ့ဘ၀​လေးကသာယာ​အေးချမ်း​တော့တယ်​"ဒီ​ရေတစ်​​ယောက်​ပြုံးစိစိနှင့်​​ရေရွတ်​မိသည်​....

ထိုသို့​သော​နေ့များတွင်​ ဒီ​ရေ တို့အိမ်​​လေးလည်းတ​နေကုန်​မိသားစုစုံစုံလင်​လင်​ရှိ​လေသည်​...

ဒီ​ရေက​တော့မနက်​ခင်း​​မေ​မေ​ဒေါ်​သော်​တာနှင့်​​ဈေးလိုက်​၀ယ်​​ပေးပြီးအိမ်​တွင်​လည်းချက်​ပြုတ်​သည်​များကိုကူညီ​ပေး​လေသည်​..

ဒီ​ရေ့ ​ဖေ​ဖေက​တော့ ဒီပိတ်​ရက်​မတိုင်​ခင်​ကမှ Companyက ကုန်​ပစ္စည်းအ၀င်​အထွက်​များခါတိုင်းထက်​ပိုများ​နေ၍ ကုန်​ပစ္စည်းစာရင်းမှတ်​သည့်​ဖိုင်​တွဲများကိုအိမ်​အထိသယ်​လာကာ နားရက်​မှာ​တောင်​အလုပ်​လုပ်​​နေရသည်​...​ဦး​ကျော်​၏အလုပ်​သည်​အမှားခံလို့မဖြစ်​...နည်းနည်း​လေးမှားလျှင်​​တောင်​မန်​​နေဂျာ၏ဆူခြင်း​အော်​​ငေါက်​ခြင်းခံရ​လေသည်​...

ဒီ​ရေမှာ​ဖေ​ဖေ့ကိုကြည့်​၍သနား​သော်​လည်း​ဖေ​ဖေ့အလုပ်​နှင့်​ပတ်​သက်​၍ဒီ​ရေဘာမှနားမလည်​​သော​ကြောင့်​ကူညီ​ပေးလို့လည်းမရ။

ငယ်​​လေးက​တော့ 1st pretestစာ​မေးပွဲနီးပြီဆို၍မနက်​တည်းကအခန်း​အောင်းစာကျက်​​နေ​လေသည်​...
*Arrr..ဟုတ်​သား..1st pretest Exam​ဖြေရမယ့်​ရက်​​တွေထွက်​​နေပြီပဲ..ဟိုတစ်​​ယောက်​​ရော ​စာကျက်​​နေပါ့မလား..​နေ​ရောပြန်​​ကောင်း​သေးရဲ့လားမသိဘူး..ထမင်းစားပြီးရင်​အန်​တီနန်းဆီph​ဆက်​သတင်းလှမ်း​မေးဦးမှပါ..*

CAN I............(Completed!)Where stories live. Discover now