BGM - touch love ကို recommendပေးချင်ပါတယ်
လျှမ်းဆက် သီချင်းနှင့်ဖျော်ဖြေပြီး
Guitarကိုလွယ်ကာ backstage မှထွက်အလာ"ညီ ....."
backstage ကလူရှင်းနေသည်မို့
လှည့်ကြည့်လိုက်သည်နှင့်မည်သူမည်ဝါမှန်းတန်း၍
သိနိုင်လောက်အောင်ပင် သူရယ်ကိုယ်ရယ်
နှစ်ယောက်ထဲသာရှိနေသည်။
ကြားရသောခပ်သြသြအသံနှင့်
မြင်ဖူးနေကြ အသွင်အပြင်........"ဟုတ် ဘာလို့လဲ leader ကြီး"
"ဟို....."
တစုံတခုကိုပြောရခက်နေဟန်ဖြင့်နေသွေးခန့်ကပင်
ဆက်၍"ညီ့ကို ကိုယ်မြတ်နိုးနေမိပြီ....."
"ဗျာ....."
ဒီတခါဆွံ့အနေရတာ လျှမ်းဆက်ကိုယ်တိုင်ပင်...
နေသွေးခန့်ကပင်ထပ်၍"ညီ့ကိုချစ်တယ်...."
".........."
"...ချစ်လို့မရဘူးလား ညီ
ညီပြန်ဖြေလို့ရအောင် ကိုယ်ပြန်ပြင်ပြောမယ်
ညီကိုယ့်ကိုချစ်နိုင်မလား""........."
"ညီလက်ခံဖို့ ခက်ခဲမယ်ဆိုတာ
ကိုယ်တွေးမိပြီးသားပါကွာ
ကိုယ်ညီ့ကိုချစ်တယ်ဆိုတာ
ညီ့ကိုမှမပြောပြခဲ့ရရင် ကိုယ်အဆင်ပြေမှာမဟုတ်ဘူး""နေ နေပါဦး ခင်ဗျားက ကျနော့်ကို ဘာဖြစ်တာ
ဟက် ဘာလားဗျာ ရူးနေတာလား
ခင်ဗျားပုံစံ ခင်ဗျားအသိဥာဏ်နဲ့
စဉ်းစားစမ်းပါဦး
ကျနော် ယောက်ျားဗျ
ခင်ဗျားလည်း ယောက်ျားလေ
ကျနော် အဲ့လို အဲ့လိုတွေတွေးတောင်မတွေးဖူးဘူးဗျာ
ခင်ဗျားဗျာ.......
ဘာများပြောမလို့လဲလို့
ရွံစရာကောင်းလိုက်တာ ......."လျှမ်းဆက် ရှက်စိတ်နှင့်ကြောက်စိတ်ရောထွေးကာ
စကားတခုပြောသင့်မပြောသင့်ကိုစဉ်းစားနိုင်ခြင်း
မရှိတော့.....
ထိုနေရာတွင်ပင် နှစ်ဦးစလုံးကျောက်ဆစ်ရုပ်ပမာမလှုပ်မရှပ်.....နေသွေးခန့်သက်ပြင်းရှည်ကြီးကိုချကာ
"ညီ့ကိုစိတ်ညစ်စေမိပြီ တောင်းပန်ပါတယ်
ကိုယ်မှားပါတယ်
ကိုယ်မစဉ်းစားခဲ့မိဘူး ညီ့ဘက်ကို
ညီ့ဘက်ကို ကိုယ်မတွေးခဲ့မိဘူး
တကယ်တော့ ကိုယ်........"
YOU ARE READING
CAN I............(Completed!)
Randomဘာတွေကညီ့ရဲ့စိတ်တံခါးကိုပိတ်ထားစေတာလဲ ကိုယ်နားမလည်တော့ဘူး ညီ❤ ကိုကိုက ကျနော့်ရဲ့နောက်ဆုံးသောအရာအားလုံးပါ💕