Part 16

1.5K 75 0
                                    

မနေ့ညက လျှမ်းဆက် lineသုံးရင်း ညဥ့်နက်သွား၍ ကျောင်းကို နေ့တ၀က်ထမင်းစားချိန်မှရောက်လေသည်..
ဌာနလှေကားထိပ်တွင်ကန်တင်းသွားရန်ဆင်းလာသော ဒီရေနှင့် တွေ့သောအခါ.....

"လဒ..ငါကမင်း သေများသေသွားပြီလားလို့..ကျောင်းကိုစာသင်ဖို့လာတာလား..ထမင်းစားဖို့လာတာလား."
ကျောင်းရောက်ရောက်ချင်း ကိုယ့်သူငယ်ချင်းအားတအားချစ်ရှာသော ဝက်ပုပ်ရဲ့ မေတ္တာပို့သံက ကျယ်လောင်စွာ...

လျှမ်းဆက်လည်း ဒီရေ့အားမျက်စောင်းတစ်ချက်ထိုးကာ
"အေးပါ..၀က်ပုပ်ရာ..ငါကတော့ ကိုယ့်သူငယ်ချင်းလေးထမင်းတစ်ယောက်တည်းစားရမှာစိုးလို့ ဒေါ်ကြီးကိုထမင်းချိုင့်အမြန်ပြင်ခိုင်းပြီး အသည်းအသန်လာခဲ့ရတာ..ခုတော့..😏"

ထိုသို့ပြောလိုက်မှ ဒီရေတစ်ယောက် လျှမ်းဆက်လက်ထဲမှထမင်းချိုင့်ကိုကြည့်က စပ်ဖြီးဖြီးမျက်နှာပေးဖြင့်.....
"ဟီး..လျှမ်းလေးကလည်းကွာ..ငါကမင်းမလာတော့တစ်ယောက်တည်းစာသင်ရတာပျင်းလို့ပါကွာ...လာလေ..ကန်တင်းမြန်မြန်သွားရအောင်.."

ဝက်ပုပ်ဆိုသည်မှာ..လိုလျှင်တစ်မျိုးမလိုလျှင်တစ်မျိုး..အမျိုးမျိုး....
လျှမ်းဆက်မှာငယ်ငယ်တည်းကခုထိဒီသူငယ်ချင်းတစ်ယောက်တည်းရှိသလို သူဆိုးသမျှသည်းခံရှာသောသူငယ်ချင်းလေးပေမို့ မေတ္တာမပျက်နိုင်...
လျှမ်းဆက် စိတ်ထဲကကောက်ချက်ချရင်း ဒီရေ ဆွဲခေါ်ရာနောက်သို့ ကန့်လန့်ကန့်လန့်နှင့်ပါသွားလေသည်...

ကန်တင်းရောက်သော်..
လျှမ်းဆက် လက်ထဲမှထမင်းချိုင့်ကို အလျှင်အမြန်ပင်ဖွင့်ကာ ပုစွန်ချဉ်စပ်သုပ်နှင့်ထမင်းတစ်လုတ်ကိုပါးစပ်ထဲ ပလုတ်ပလောင်းထိုးထည့်ရင်း...
"လျှမ်းလေး..မင်းကိုသတင်းကောင်းပြောရဦးမယ်.."

လျှမ်းဆက်လည်း ထမင်းစားရင်း
"ဘာသတင်းကောင်းလဲ.."

"မနက်က King&Queen Selectionတွေရွေးသွားပြီ..အဲ့ထဲမှာမင်းပါတယ်သိလား.."

လျှမ်းဆက်က မအံ့သြတော့သည့်ပုံဖြင့်..
"ငါရူပါဖြောင့်တာငါသိပြီးသားပါကွာ.."

ဒီရေကတော့ လျှမ်းဆက်အပြောကိုမကြားသလိုနေကာဆက်၍..
"ပြီးတော့ Welcomeမှာ ဖျော်ဖြေမယ့်သူတွေ ညနေRehersalတဲ့.."

CAN I............(Completed!)Where stories live. Discover now